Bethany Independent Presbyterian Church

Myanmar

အသင်းတော်သည် ယုံကြည်ခြင်း၌ တည်ကြည်မြဲမြံသည်ဖြစ်၍ (တမန် ၁၆း၅)

အသင်းတော်သည် ယုံကြည်ခြင်း၌ တည်ကြည်မြဲမြံသည်ဖြစ်၍ (တမန် ၁၆း၅)


နိဒါန်း

၁။ ကနေဦး အသင်းတော်သည် ကြီးမားစွာ အစပြုလာခဲ့သည်။

က) ယေရုရှလင်အသင်းတော်သည် လျှန်လျှန်မြန်မြန် ကြီးထွားခဲ့သည်။

ခ) များစွာသော တပည့်တော်တို့သည် အသင်းတော်ကို လည်းကောင်း၊

အချင်းချင်းကိုလည်းကောင်း ပြုစုစောင့်ရှောက်ဖို့ လေးနက်စွာ ဆက်ကပ်ကြသည်။

၂။ သို့သော် ပြဿနာလည်း ရှိသေးသည်။

က) အတွင်းပြဿနာများ

၁) လှည့်ဖြားမှု နှင့် အကျင့်ခြစားမှု တမန်တော် ၅

၂) အချင်းချင်း ရန်ဖြစ်စကားများခြင်း တမန်တော် ၆

ခ) အပြင် ပြဿနာများ

၁) ဆန်ဟီဒရင်း ကောင်စီ (Sanhedri Council) မှ ဆန့်ကျင်ခြင်း နှင့် ညှင်းပန်း နှိပ်စက်ခြင်း

၂) ရှင်ဘုရင်မှ ညှင်းပန်းနှိပ်စက်ခြင်း

၃) အသင်းတော် နေရာအနှံ့ ပြန့်နှံ့လာခြင်း

၄) ရှောလု၏ တစ်ကိုယ်တော် တိုက်ခိုက်ခြင်း

 

သာသနာနယ်မြေ၌

၁။ ပထမဆုံး သာသနာပြုအမှုဆောင်များ

က) ဗာနဗ

ခ) ရှောလု (ပေါလု)

ဂ) ယောဟန်သည် လက်ထောက်အနေဖြင့် သူတို့နှင့်အတူ ရှိသည်။ တမန် ၁၃း၅

၂။ သူတို့သည် တစ်ကျွန်းလုံး၌ ရောက်ရှိလာသည်။

က) ပါဖုမြို့၌

၁) မြို့တော်မင်း သေရဂိပေါလု၏ ပြောင်းလဲမှု တမန်တော် ၁၃း၇

၂) နက်ဝိဇ္ဖာအတတ်သမား ဧလုမ ကို မျက်စိကွယ်စေသည့် အရာဖြင့်

ရှင်ပေါလုနှင့်အတူ ထာဝရဘုရား၏ လက်တော်သည် ထင်ရှားတော်မူခဲ့သည်။

ခ) ပိသိဒိပြည့်၊ အန္တိအုတ်မြို့၌

၁) ယုဒလူမှစ၍ ဘုရားကို ကိုးကွယ်သော ဘာသာဝင်သူများတို့သည် ပေါလု

နောက်သို့ လိုက်ကြသည် တမန်တော် ၁၃း၄၃

၂) အစုအဝေး လိုက်လာခဲ့ကြသည် တမန်တော် ၁၃း၄၅

ဂ) အဓိက ဦးတည်ချက်ပြောင်းလဲလာခြင်း

၁) တပါးအမျိုးသား သာသနာတော် တိုးပွားဖို့ လှည့်ပြောင်းခြင်း တမန် ၁၃း၄၆

၂) ဤဟာသည် တပါးအမျိုးသားတို့ကို ဝမ်းမြောက်စရာဖြစ်သည် တမန် ၁၃း၄၈

ဃ) ဣကောနိမြို့၌

၁) လူများအပေါင်းတု့သည် ယုံကြည်ခြင်းသို့ ရောက်ကြသည် တမန်တော် ၁၄း၁

၂) ယုဒလူများ နှင့် ဟေလသလူများ တမန်တော် ၁၄း၁

၃) နိမိတ်လက္ခဏာ နှင့် အံ့ဖွယ်သောအမှုတို့ကို ပြုကြသည် တမန်တော် ၁၄း၃

၄) ပြင်းထန်သော ညုင်းပန်းနှိပ်စက်ခြင်း စတင်လာသည် တမန်တော် ၁၄း၅

စ) လုတ္တရမြို့ နှင့် ဒေရဗေမြို့ (လုကောနိပြည်)

၁) ထိုအရပ်၌ ဧဝံဂေလိတရားသည် ဟောပြောကြသည် တမန်တော် ၁၄း၇

၂) လုတ္တရမြို့ ခြေမစွမ်းသူကို ရောဂါကင်းစေသည် တမန်တော် ၁၄း၈

၃) ဒေရဗေမြို့သို့ ထွက်ပြေးခြင်း တမန်တော် ၁၄း၂ဝ

၄) လူများတို့ကို တပည့်တော် ဖြစ်စေသည် တမန်တော် ၁၄း၂၁

 

တမန်တော်တို့၏ အဓိက လုပ်ဆောင်ချက်များ

တမန်တော် ၁၄း၂၁-၂၃

၁။ ဧဝံဂေလိတရားကို ဟောပြောခြင်း

၂။ တပည့်တော်များ မွေးထုတ်ခြင်း

၃။ တပည့်တော်များ၏ စိတ်ဝိညာဉ်တို့ကို အားပေးတိုက်တွန်းခြင်း

၄။ ယုံကြည်ခြင်း၌ ဆက်လက်တည်မြဲရန် တိုက်တွန်းခြင်း၊

၅။ ညှင်းပန်းနှိပ်စက်မှုတို့ကို လက်ခံစေခြင်း

၆။ ဘုရားသခင်၏ နိုင်ငံတော်သည် ဆင်းရဲဒုက္ခနှင့် ထိုက်တန်ခြင်းအကြောင်း

၇။ အသင်းတော်တိုင်း၌ သင်းထောက် (ခေါင်းဆောင်) များကို ခန့်အပ်ခြင်း

၈။ ဆုတောင်းခြင်း နှင့် အစာရှောင်ခြင်း

၉။ ထာဝရဘုရားကို ချီးမွမ်းကြသည်။

 

ဆီးရီးယားပြည်၊ အန္တိအုတ်မြို့သို့ ပြန်လာခြင်း

၁။ ပေါလု နှင့် ဗာနဗတို့သည် ဆီးရီးယားပြည်၊ အန္တိအုတ်မြို့သို့ ပြန်လာခဲ့ကြသည် (စေလွှတ်သော အသင်းတော်)

၂။ အန္တိအုတ်မြို့၌ အမှုတော်

က) အစီရင်ခံခြင်း

ခ) ပြန်လည် သုံးသပ်ခြင်း

ဂ) အားသစ်လောင်းခြင်း

 

တည်ထောင်ခဲ့သော အသင်းတော်များသို့ လည်ပတ်ခြင်း

၁။ ဒုတိယ သာသနာခရီးစဉ်

၂။ အဖွဲ့သစ်

က) ပေါလု

ခ) ဗာနဗ

ဂ) တိမောသေ တမန်တော် ၁၆း၁-၃

၃။ အသင်းတော်များ၏ နယ်မြေ

တမန်တော် ၁၆း၄-၅

က) သူတို့သည် မြို့များ၌ လျှောက်သွားကြသည်။

ခ) သူတို့သည် ယေရုရှလင်အသင်းတော်မှ မှာစာကို လက်ခံရရှိကြသည် (တမန် ၁၅)

ဂ) အသင်းတော်များသည် ယုံကြည်ခြင်း တည်ကြည်မြဲမြံကြသည် (တမန် ၁၅)

ဃ) အရေအတွက်အားဖြင့် တစ်နေ့ထက်တစ်နေ့ တိုးပွားများပြားကြသည်။

 

နိဂုံး

၁။ တပါးအမျိုးသားတို့၌ အမှုတော်လုပ်ငန်းသည် အလွန်အောင်မြင်ခဲ့သည်။

၂။ ကောင်းသော အခြေခံမှုများနှင့် အလေ့အကျင့်များတို့ကို လိုက်နာခဲ့ကြသည်။

၃။ သခင်ဘုရားသခင် ကောင်းချီးလက်တော်သည် အသင်းတော်အပေါ် တည်ရှိခဲ့သည်။