Bethany Independent Presbyterian Church

Myanmar

အကယ်စင်စစ် ဘုရားသခင်သည် လူမျက်နှာကို မှတ်တော်မမူ (တမန် ၁၀း ၃၄)

အကယ်စင်စစ် ဘုရားသခင်သည် လူမျက်နှာကို မှတ်တော်မမူ (တမန် ၁၀း ၃၄)



နိဒါန်း

၁။ ယေရုရှလင်အသင်းတော်

က) ဂျူးလူမျိုးအများစုဖြစ်သည်။

ခ) အစဉ်ကြီးထွားနေသည်။

၂။ သခင်ယေရှု၏ အမိန့်တော်

က) သက်သေများဖြစ်ကြရန်

၁) ယေရုရှလင်မြို့မှာ

၂) ယုဒတစ်ပြည်လုံးမှာ

၃) ရှမာရိပြည်မှာ

၄) မြေကြီးဆုံးတိုင်အောင် တမန် ၁း ၈

ခ) ဘုရားသခင်ကို နာခံရန်

၁) ယေရုရှလင်နှင့် ယုဒပြည်အထိ ပြန်နှံ့နေကြပြီ

၂) ရှမာရိပြည်မှာလည်း ပြန့်နှံ့နေပြီ

ဂ) လစ်ဟာမှုဘာရှိနေသေးသလဲ။

၁) တစ်ပါးအမျိုးထံသွားရန်

၂) ဣသရေလလူမျိုးများအလွန်ထိ ပြန့်နှံ့ကြရန်

 

ပြသနာဘာရှိနိုင်သလဲ

၁။ ခေါင်းဆောင်မှု စီမံခန့်ခွဲမှုပြသနာဖြစ်သည်။

က) တမန်တော်အားလုံးသည် ဂျူးလူမျိုးများဖြစ်ကြသည်။

ခ) တမန်တော်တို့သည် ဂျူးဘာသာခံယူချက် ပြင်းထန်သူများဖြစ်ကြသည်။

ဂ) တစ်ပါးအမျိုးများထံထိ သွားရောက်သက်သေဖြစ်ဖို့ အခက်တွေ့နေကြသည်။

၂။ ဤပသနာများကို ဘုရားသခင်ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းရန်လိုသည်။

က) ဘုရားသခင်သည် ပေတရုကို ရူပါရုံပေးသည် တမန် ၁၀

ခ) ပေတရုသည် စားစရာကိုစားရန် ညွန်ကြားခြင်းခံရသည်။

ဂ) ရူပါရုံမှာ ပေတရုသည် မသန့်ရှင်းတဲ့အသားမစားဟု ငြင်းဆိုသည်။

ယ) ဘုရားသခင်သည် သူ့ကိုအပြစ်တင်ဆုံးသည်။

၁၅ နောက်တဖန် စကားသံကား၊ ဘုရားသခင် စင်ကြယ်စေတော် မူသောအရာကို ညစ်ညူးသည်မထင် နှင့်ဟု လာပြန်၏။

၁၆ ထိုသို့ သုံးကြိမ်မြောက်အောင်လာပြီးလျှင်၊ ထိုတန်ဆာကို ကောင်းကင်ထဲသို့ သိမ်းရုပ်ပြန်လေ၏။ တမန် ၁၀း ၁၅-၁၆

င) ပေတရုသည် ဤရူပါရုံကို နားမလည်နိုင်ဖြစ်သည်။

 

ကော်နိလ၏ ကိုယ်စားလှယ်အဖွဲ့များ

၁ ကဲသရိမြို့၌ ဣတလိတပ်ဟု ခေါ်ဝေါ်သော တပ်တွင် လူတရာ ကိုအုပ်ချုပ်သော တပ်မှူးကော်နေလိ အမည်တွင်သော သူတယောက်ရှိ၏။

၂ ထိုသူသည် မိမိအိမ်တွင်ရှိသမျှသော သူတို့နှင့်တကွ ဘုရားဝတ်၌ မွေ့လျော်၍ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းရှိသဖြင့်

လူတို့အားများစွာသော စွန့်ကြဲ ခြင်းကိုပြု၍ ဘုရားသခင်ကို အစဉ်ဆုတောင်းလေ့ရှိ၏။ တမန် ၁၀း ၁-၂

က) ဘာသာတရားကို အလွန်ကိုင်းရှိုင်းသူဖြစ်သည်။

ခ) ဘုရားသခင်ကို ကြောက်ရွံ့သူဖြစ်သည်။

ဂ) သူသည် အလွန်ရက်ရောသူလည်းဖြစ်သည်။

ယ) သူသည် ဆုတောင်းခြင်းအားကြီးသူလည်းဖြစ်သည်။

င) သို့သော် သူသည် တစ်ပါးအမျိုးဖြစ်သည်။

၂။ တမန်တော် ပေတရုထံ ကိုယ်စားလှယ်စေလွှတ်သည်

၁၇ ပေတရုသည် မိမိမြင်ရသော ဗျာဒိတ်ရူပါရုံ ကား၊ အဘယ်သို့ ဆိုလိုသနည်းဟု တွေးတောဆင်ခြင်၍

နေစဉ်တွင်၊ ကော်နေလိစေလွှတ် သောသူတို့သည် ရှိမုန်အိမ်ကို မေးမြန်းရှာဖွေ၍ တံခါးရှေ့မှာရပ်လျက်၊

၁၈ ပေတရုအမည်သစ်ကိုရသော ရှိမုန်သည် ဤမှာတည်းနေပါ သလောဟု မေးမြန်းဟစ်ခေါ်ကြ၏။

၁၉ ပေတရုသည်ထိုဗျာဒိတ်ရူပါရုကို ဆင်ခြင်၍နေစဉ်တွင် ဝိညာဉ်တော်က၊ လူသုံးယောက်တို့သည် သင့်ကိုရှာကြ၏။

၂၀ ထ၍ဆင်းလော့။ တွေးတောခြင်းမရှိဘဲ ထိုသူတို့နှင့်အတူ လိုက်သွားလော့။ အကြောင်းမူကား၊

ထိုသူတို့သည် ငါစေလွှတ်သော သူဖြစ်ကြသည်ဟု မိန့်တော်မူလျှင်၊

၂၁ ပေတရုသည်ဆင်း၍၊ ငါကား၊ သင်တို့ရှာသော သူဖြစ်၏။ အဘယ်အကြောင်းရှိ၍ လာကြသနည်းဟု ထိုသူတို့အားမေး၏။

၂၂ ထိုသူတို့ကလည်း ဘုရားသခင်ကိုကြောက်ရွံ့၍၊ ယုဒလူ အပေါင်းတို့တွင် အသရေရှိသော သူတော်

ကောင်းတည်းဟူသော တပ်မှူးကော်နေလိသည်၊ ကိုယ်တော်ကို မိမိအိမ်သို့ခေါ်ပင့်၍ ကိုယ်တော်၏ စကားကို

နားထောင်ရမည်အကြောင်း၊ သန့်ရှင်းသော ကောင်းကင်တမန်အားဖြင့် ဗျာဒိတ်တော်ကို ခံရပါသည်ဟု ပြန်ပြောကြ၏။

၂၃ ပေတရုသည်လည်းထိုသူတို့ကို အိမ်ထဲသို့ခေါ်၍ ဧည့်သည်ဝတ် ကိုပြုလေ၏။ နက်ဖြန်နေ့၌ထ၍

ထိုသူတို့ နှင့်အတူ သွားသဖြင့်၊ ယုပွေ မြို့သားဖြစ်သော ညီအစ်ကို အချို့တို့သည် လိုက်ကြ၏။ တမန် ၁၀း ၁၇-၂၃

က) ကိုယ်စားလှယ်တွေက ကော်နိလကို ချီးကျူးကြသည်။

၁) ဖြောင့်မတ်သောသူဖြစ်သည်။

၂) သူသည် ဘုရားကိုကြောက်သောသူဖြစ်သည်။

၃) သူသည် ဂျူးလူမျိုးအကြားတွင် အသရေရှိသူဖြစ်သည်။

၄) ပေတရုထံကိုယ်စားလှယ်စေလွှတ်ရန် ဘုရားသခင်စေခိုင်းသည်။

ခ) သန့်ရှင်းသော ဝိညာဉ်တော်

၁) ကိုယ်စားလှယ်များသည် ဘုရားသခင်စေလွှတ်တဲ့လူဖြစ်ကြောင်း အသိပေးသည်။

၂) သူတို့ကို ပေတရုသည် ကော်နိလကိုတွေ့ဖို့ခေါ်ရန် စေလွှတ်သည်။

၃) ပေတရုသည် ကော်နိလထံသို့ သွားရန်ဖြစ်သည်။

 

တမန်တော်ပေတရု၏ နားလည်သဘောပေါက်မှု

၃၄ ထိုအခါပေတရုသည် နှုတ်ကိုဖွင့်၍၊ အကယ် စင်စစ် ဘုရား သခင်သည် လူမျက်နှာကို မှတ်တော်မမူ။

၃၅ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့ ၍ တရားသဖြင့် ကျင့်ဆောင်သောသူသည် အထံတော်၌ မျက်နှာရသည်ကို ငါသိမြင်၏။

၃၆ အလုံးစုံတို့ကို အစိုးရတော်မူသော သခင်ယေရှု ခရစ်အားဖြင့် ရန်ငြိမ်းခြင်းတရားတည်းဟူသော ဧဝံဂေလိတရားကို

ဟောတော်မူလျက်၊ ဣသရေလ အမျိုး သား တို့အား ပေးလိုက်တော်မူသော တရားတော်နှင့် အညီ၊

၃၇ ယောဟန်သည် ဗတ္တိဇံတရားကို ဟောသည် နောက် ဂါလိလဲ ပြည်မှစ၍

ယုဒပြည်အရပ်ရပ်တို့၌ နှံ့ပြားသော အကြောင်းအရာကို သင်တို့သည် သိကြ၏။

၃၈ ထိုအကြောင်းအရာဟူမူကား၊ ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်၎င်း၊ တန်ခိုးတော်နှင့်၎င်း၊ နာဇရက်မြို့သား ယေရှုကို ဘိသိက်ပေးတော်မူသဖြင့်၊

ထိုသူသည် ဘုရားသခင်၏ အခွင့်တော်နှင့် ကျေးဇူးပြုလျက်၊ မာရ်နတ်ညှဉ်းဆဲသော သူအပေါင်းတို့အား ချမ်းသာကို ပေးလျက် လှည့်လည်တော်မူ၏။

၃၉ ငါတို့သည်လည်း၊ ယေရုရှလင်မြို့မှစ၍ ယုဒ ပြည်တွင်ပြုတော် မူသောအမှုများတို့၏

သက်သေခံ ဖြစ်ကြ၏။ ထိုသူကိုသစ်တိုင်၌ ဆွဲ၍ ကွပ်မျက်ကြလေ၏။

၄၀ သုံးရက်မြောက်သောနေ့၌ ဘုရားသခင်သည် ထမြောက် စေတော်မူ၍၊

၄၁ လူအပေါင်းတို့အား ထင်ရှားစွာပြတော်မမူ၊ ဘုရားသခင်ခန့် ထားတော်မူနှင့်သော သက်သေခံတည်း ဟူသော ငါတို့အား ထင်ရှားစွာ ပြတော်မူ၏။

သေခြင်းမှ ထမြောက်တော်မူသည်နောက်၊ ထိုသခင်နှင့်အတူ ငါတို့သည်စားသောက်ရကြ၏။

၄၂ ထိုသခင်သည်လည်း အသက်ရှင်သောသူတို့နှင့် သေသော သူတို့ကို တရားစီရင်သောသခင် ဖြစ်စေခြင်းငှါ၊

ဘုရားသခင်ခန့်ထားတော် မူကြောင်းကို လူအပေါင်းတို့အား ဟောပြောကြလော့။ သက်သေခံကြ လော့ဟု ငါတို့အားပညတ်ထားတော်မူ၏။

၄၃ ထိုသခင်ကို ယုံကြည်သောသူရှိသမျှတို့သည် နာမတော်အားဖြင့် အပြစ်လွှတ်တော်မူခြင်းကျေးဇူးကို

ခံရကြလတံ့ဟူ၍ မရောဖက် အပေါင်းတို့သည် ထိုသခင် ၏ သက်သေခံဖြစ်ကြသည်ဟု ပေတရုမြွက်ဆို၏။

၄၄ ထိုစကားကို မြွက်ဆိုစဉ်၊ နှုတ်ကပတ်တရား တော်ကို ကြားနာရသော သူအပေါင်းတို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်သည် သက်ရောက်တော်မူ၏။

၄၅ တပါးအမျိုးသားတို့ အပေါ်သို့သန့်ရှင်းသော ဝိညာဉ်တော်၏ ကျေးဇူးကိုသွန်းလောင်းသောကြောင့်၊

အရေဖျားလှီးခြင်းကို ခံသောသူ တည်းဟူသော ပေတရု နှင့် ပါသမျှသော တပည့်တော်တို့သည် မိန်းမော တွေဝေခြင်းရှိကြ၏။

၄၆ အကြောင်းမူကား၊ ထိုသူတို့သည် အမျိုးမျိုးသော ဘာသာစကား အားဖြင့်ပြော၍၊ ဘုရားသခင်ကို ချီးမွမ်း သည်ကိုကြားကြလေ၏။

၄၇ ထိုအခါကေတရုက၊ ငါတို့ကဲ့သို့ သန့်ရှင်းသော ဝိညာဉ်တော် ကိုခံရသော ဤသူတို့ကို

ဗတ္တိဇံ မပေးစေခြင်းငှါ အဘယ်သူသည် ရေကို မြစ်တားနိုင်သနည်း ဟုဆိုလျက်၊

၄၈ သခင်ဘုရား၏နာမ၌ ဗတ္တိဇံကို ခံစေမည် အကြောင်းစီရင် လေ၏။ ထိုနောက်မှပေတရုသည်

ကာလအတန်အရာနေပါမည် အကြောင်းကို ထိုသူတို့ သည် တောင်းပန်ကြ၏။ တမန် ၁၀း ၃၄-၄၈

၁။ နောက်ဆုံးမှာတော့ ပေတရုသည် ရရှိသော ရူပါရုံကိုနားလည်လာသည်။

၂။ ကော်နိလအိမ်တွင် သွားပြီး ဟောပြောသက်သေခံခဲ့သည်။

၃။ နှုတ်ကပတ်တော်ကြားနာသူများအားလုံးသည် ဝိညာဉ်တော်ရကြသည်။

၄။ တစ်ပါးအမျိုးသားများသည်လည်း တူညီသော ဝိညာဉ်တော်ရရှိကြသည်။

၅။ သူတို့သည် လျှောက်ပတ်စွာ ဗက္တီဇံခံယူကြသည်။

 

နိဂုံး

၁။ ပေတရုသည် တမန်တော်များကို ဦးဆောင်သူဖြစ်သည်။

၂။ တစ်ပါးအမျိုးသားများသည်လည်း သတင်းကောင်းကြားခွင့်ရှိသည်ကို နားလည်လာသည်။

၃။ ဤအဖြစ်အပျက်သည် အသင်းတော်၏ အပြောင်းအလဲဖြစ်သည်။

၄။ တစ်ပါးအမျုးိသားများသည်လည်း ကယ်တင်ခြင်းနှင့် နှုတ်ကပတ်တော်ကို ခံယူနိုင်ကြသည်။