သင်၏ယုံကြည်ခြင်းသည် သင့်အနာကို ငြိမ်းစေပြီ မသဲ ၉း ၂၂
နိဒါန်း
၁။ ဆေးပညာအတတ်သည် သခင်ယေရှုအချိန်တွင် အလွန်အကတ်အသတ်ရှိခဲ့သည်။
၂။ မထိရောက်သော ဆေးဝါးကုသခြင်းအတွက် အလွန်အမင်းပေးချေနေရကြသည်။
၃။ လူထုကြီးသည် အနာငြိမ်းခြင်းမျော်ကူးပြီး သခင်ခရစ်တော်နောက်သို့ လိုက်ကြသည်။
၂၃ ယေရှုသည် တရားစရပ်တို့၌ ဆုံးမဩဝါဒပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်၊
လူတို့တွင်အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေလျက်၊ ဂါလိလဲပြည် တပြည်လုံးကို ဒေသစာရီ လှည့်လည်တော်မူ၏။
၂၄ သိတင်းတော်သည်လည်း ရှုရိပြည်၌ အနှံ့အပြားကျော်စောသည်ဖြစ်၍ နတ်ဝင်သောသူ ဝက်ရူးစွဲသော သူ၊ လက်ခြေသေသောသူမှစသော
အထူးထူးအပြားပြားသော အနာရောဂါစွဲ၍ မကျန်းမမာသောသူ ရှိသမျှတို့ကို အထံတော်သို့ဆောင်ခဲ့ကြ၍၊ သူတို့၏ အနာရောဂါကို ငြိမ်းစေတော်မူ၏။
၂၅ ဂါလိလဲပြည်၊ ဒေကပေါလိပြည်၊ ယေရှုရှလင်မြို့မှစသော ယုဒပြည်၊
ယော်ဒန်မြစ်တဘက်မှ လာသော လူများအပေါင်းတို့သည် နောက်တော်သို့လိုက်ကြ၏။ ရှင်မသဲ ၄း ၂၃-၂၅
ရှေ့နှင့်နောက်မှာ နမိတ်လက္ခာဏာနှစ်ခုထားခြင်း
၁၈ ထိုစကားကို မိန့်တော်မူစဉ် အရာရှိတယောက်သည် လာ၍ ပြပ်ဝပ်လျက်၊ အကျွန်ုပ်၏သမီးသည် ယခုပင် သေဆဲရှိပါ၏။
သို့သော်လည်း၊ ကိုယ်တော်သည်ကြွ၍ သူ့အပေါ်၌ လက်ကိုတင်တော်မူလျှင် အသက် ရှင် ပါလိမ့်မည်ဟု လျှောက်၏။
၁၉ ယေရှုသည် ထ၍ တပည့်တော်နှင့်အတူ ထိုသူ နောက်သို့လိုက်တော်မူ၏။
၂၀ ထိုအခါ တဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာစွဲသော မိန်းမတယောက်က၊
၂၁ ငါသည် အဝတ်တော်ကိုသာ တို့လျှင် ချမ်းသာရမည်ဟု စိတ်ထင်နှင့် နောက်တော်သို့ချဉ်းကပ်၍ အဝတ်တော်၏ ပန်းပွားကို တို့လေ၏။
၂၂ ယေရှုသည် လှည့်၍ ထိုမိန်းမကို မြင်တော်မူလျှင်၊ ငါ့သမီး၊ မစိုးရိမ်နှင့်။ သင်၏ယုံကြည်ခြင်းသည်
သင့်အနာကို ငြိမ်းစေပြီဟု မိန့်တော်မူ၏။ ထိုခဏမှစ၍ ထိုမိန်းမသည် အနာကင်းပျောက်လေ၏။
၂၃ အရာရှိအိမ်သို့ ရောက်တော်မူ၍ တီးမှုတ်သောသူတို့နှင့် များစွာသောလူတို့သည် အုန်းအုန်းသဲသဲ ပြုကြသည်ကိုမြင်လျှင်၊
၂၄ ဖယ်ရှားကြလော့။ မိန်းမငယ်သေသည်မဟုတ်၊ အိပ်ပျော်သည်ဟု မိန့်တော်မူသော်၊ ထိုသူတို့သည် ပြက်ယယ်ပြုကြ၏။
၂၅ ထိုလူများကို ပြင်သို့ထွက်စေပြီးမှ အတွင်းသို့ဝင်၍၊ မိန်းမငယ်၏လက်ကို ကိုင်တော်မူသည်တွင် သူသည် ထလေ၏။
၂၆ ထိုသိတင်းစကားသည် တပြည်လုံး၌ နှံ့ပြားကျော်စောလေ၏။ ရှင်မသဲ ၉း ၁၈-၂၆
၄၀ ယေရှုသည် ပြန်တော်မူလျှင်၊ လူအစုအဝေးအပေါင်းတို့သည် ကိုယ်တော်ကိုမြော်လင့်လျက် နေကြသောကြောင့် ဝမ်းမြောက်စွာလက်ခံကြ၏။
၄၁ ထိုအခါယာဣရု အမည်ရှိသောတရားစရပ်မှူးသည် လာ၍ ယေရှု၏ခြေတော်ရင်း၌ ပြပ်ဝပ်လျက်၊
၄၂ တဆယ်နှစ်နှစ်အရွယ်ရှိသောမိမိ၌တယောက်တည်းသောသမီးသည်သေဆဲရှိသောကြောင့်၊ မိမိ အိမ်သို့ ကြွတော်မူမည်အကြောင်း
ကိုယ်တော်ကိုတောင်းပန်၍ ကြွတော်မူစဉ်တွင် လူအစုအဝေးတို့သည် ကိုယ်တော်ကို ထိခိုက်တိုက်မိကြ၏။
၄၃ ထိုအခါ တဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာစွဲသောကြောင့်၊ ဥစ္စာရှိသမျှကို ဆေးသမားတို့အား
ပေး၍ ကုန်သော်လည်း၊ အဘယ်ဆေးသမားလက်၌မျှ ချမ်းသာမရနိုင်သော မိန်းမတယောက်သည်၊
၄၄ နောင်တော်သို့ ချဉ်းကပ်၍ အဝတ်တော်၏ ပန်းပွားကိုတို့သဖြင့်၊ ထိုခဏခြင်းတွင် သွေးသွန်အနာ ပျောက်လေ၏။
၄၅ ယေရှုကလည်း၊ ငါ့ကို အဘယ်သူတို့သနည်းဟု မေးတော်မူလျှင်၊ လူအပေါင်းတို့သည် ငြင်းလိုက်သော်၊ ပေတရုမှစ၍ သူ၏အပေါင်းအဘော်တို့က၊
သခင်၊ လူအစုအဝေးတို့သည် ကိုယ်တော်အား ထိခိုက်တိုက်မိကြသည်ဖြစ်၍၊ ငါ့ကိုအဘယ်သူတို့သနည်းဟု မေးတော်မူသည်တကားဟု လျှောက်လေ၏။
၄၆ ယေရှုကလည်း၊ တစုံတယောက်သောသူသည် ငါ့ကိုတို့လေပြီ။ ငါ့ကိုယ်မှတန်ခိုးထွက်သည်ကို ငါသိ၏ဟု မိန့်တော်မူ၏။
၄၇ ထိုမိန်းမသည် မိမိပုန်းရှောင်၍ မနေနိုင်သည်ကိုသိလျှင် တုန်လှုပ်လျက်လာ၍၊ အဘယ်အကြောင်းကြောင့်တို့သည်ကို၎င်း၊
ချက်ခြင်းချမ်းသာရသည်ကို၎င်း၊ လူအပေါင်းတို့ရှေ့မှာ ပြပ်ဝပ်လျက် ကြားလျှောက် လေ၏။
၄၈ ကိုယ်တော်ကလည်း၊ ငါ့သမီး၊ မစိုးရိမ်နှင့်။ သင်၏ယုံကြည်ခြင်းသည် သင့်အနာကို ငြိမ်းစေပြီး။ ငြိမ်ဝပ် စွာသွားလော့ဟု မိန့်တော်မူ၏။
၄၉ ထိုသို့ မိန့်တော်မူစဉ်တွင် တရားစရပ်မှူးအိမ်မှ လူလာ၍၊ ကိုယ်တော်၏ သမီးသေပါပြီ။ ဆရာကို မနှောင့်ရှက်ပါနှင့်ဟုဆို၏။
၅၀ ယေရှုသည်ကြားလျှင်၊ မကြောက်ကြနှင့်။ ယုံကြည်ခြင်းစိတ်တခုသာရှိစေလာ့။ ထိုသို့ရှိလျှင်သူသည် ဘေးနှင့်လွတ်လိမ့်မည်ဟု တရားစရပ်မှူးအား မိန့်တော်မူ၏။
၅၁ အိမ်သို့ရောက်လျှင်၊ ပေတရု၊ ယောဟန်၊ ယာကုပ်နှင့်မိန်းမငယ်၏မိဘမှတပါး အဘယ်သူကိုမျှအထဲ သို့မဝင်စေခြင်းငှါ ဆီးတားတော်မူ၏။
၅၂ လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြသည်ကို ကိုယ်တော်က၊ မငိုကြနှင့်။ သူငယ်သေသည် မဟုတ်၊ အိပ်ပျော်သည်ဟု မိန့်တော်မူလျှင်၊
၅၃ သူငယ်သေကြောင်းကို ထိုသူတို့သည်သိသဖြင့် ကိုယ်တော်ကို ပြက်ယယ်ပြုကြ၏။
၅၄ ထိုသူရှိသမျှတို့ကို ပြင်သို့ထွက်စေပြီးမှ သူငယ်၏လက်ကို ကိုင်တော်မူလျက်၊ သူငယ်ထလော့ဟု ခေါ်တော်မူသည်တွင်၊
၅၅ စိတ်ဝိညာဉ်ပြန်လာ၍ မိန်းမငယ်သည် ချက်ခြင်းထလေ၏။
၅၆ သူ့အားစားစရာပေးလော့ဟု မိန့်တော်မူ၏။ မိဘတို့သည် မိန်းမောတွေဝေခြင်းသို့ ရောက်ကြ၏။
ထိုအမှုအရာကို အဘယ်သူအားမျှမပြောရမည်အကြောင်း ပညတ်တော်မူ၏။ ရှင်လုကာ ၈း ၄၀-၅၆
၁။ တရားဇရပ်မှူးဖြစ်သော ယာဣရု၏ အသနားခံခြင်း
က) သူ၏ သမီးသည် အဖျားကြီးနေသည်။
ခ) သမီးကိုကျမ်းမာစေဖို့ အိမ်သို့ကြွတော်မူရန် သခင်ခရစ်တော်ကို အသနားခံဖို့ ရောက်လာသည်။
၂။ ယုံကြည်ခြင်းဖြင့် ခရစ်တော်ကိုခိုးထိခဲ့သော အမျိုးသမီးသည် ဆေးဝါးကုသခြင်းကို ကြာရှည်စွာ ခံခဲ့သူဖြစ်သည်။
သွေးသွန်နေသော အမျုးိသမီး
၁။ သူမသည် ဤဝေဒနာကို ၁၂ နှစ်လုံးခံစားခဲ့သည် ရှင်လုကာ ၈း ၄၃က
၂။ ဆေးဝါးကုသခြင်းအတွက် သူမရှိသမျှအကုန်အသုံးပြုခဲ့သည် ရှင်လုကာ ၈း ၄၃ခ
၃။ သို့သော် သက်သာခြင်းမရခဲ့ပေ ရှင်လုကာ ၈း၄၃ဂ
၄။ သူမစိတ်တွင် ယုံကြည်ခဲ့သည်မှာ
ငါသည် အဝတ်တော်ကိုသာ တို့လျှင် ချမ်းသာရမည်ဟု စိတ်ထင်နှင့် နောက်တော်သို့ချဉ်းကပ်၍ အဝတ်တော်၏ ပန်းပွားကို တို့လေ၏။ ရှင်မသဲ ၉း ၂၁
သခင်ခရစ်တော်သည် လမ်းခရီး၌ ယာဣရုအိမ်သို့ ကြွတော်မူ၏
၁။ တစ်စုံတစ်ယောက်သည် ငါ့ကိုတို့တော်မူသည်ဟု သခင်ခရစ်တော်မိန့်တော်မူ၏။ ရှင်လုကာ ၈း ၄၅
၂။ လူအပေါင်းသည် ငြင်းလိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ခရစ်တော်ကို ဆန့်ကျင်သည်ဟု ထင်ကြမည်စိုးသောကြောင့်ဖြစ်သည်။
၃။ ပေတရုနှင့် အဖွဲ့များက ပြန်လည်တုန့်ပြန်ကြသည်။
ပေတရုမှစ၍ သူ၏အပေါင်းအဘော်တို့က၊ သခင်၊ လူအစုအဝေးတို့သည် ကိုယ်တော်အား ထိခိုက်တိုက်
မိကြသည်ဖြစ်၍၊ ငါ့ကိုအဘယ်သူတို့သနည်းဟု မေးတော်မူသည်တကားဟု လျှောက်လေ၏။ ရှင်လုကာ ၈း ၄၅
သခင်ယေရှုသည် သူမေးသည်မှာမှန်ကြောင်း ထပ်မေးသည်။
ယေရှုကလည်း၊ တစုံတယောက်သောသူသည် ငါ့ကိုတို့လေပြီ။ ငါ့ကိုယ်မှတန်ခိုးထွက်သည်ကို ငါသိ၏ဟု မိန့်တော်မူ၏။ ရှင်လုကာ ၈း ၄၆
ကြောက်ရွံ့စိတ်နှင့် အမျိုးသမီးငယ်၏ ဝန်ခံခြင်း
၄၇ ထိုမိန်းမသည် မိမိပုန်းရှောင်၍ မနေနိုင်သည်ကိုသိလျှင် တုန်လှုပ်လျက်လာ၍၊ အဘယ်အကြောင်းကြောင့်တို့သည်ကို၎င်း၊
ချက်ခြင်းချမ်းသာရသည်ကို၎င်း၊ လူအပေါင်းတို့ရှေ့မှာ ပြပ်ဝပ်လျက် ကြားလျှောက် လေ၏။ ရှင်လုကာ ၈း ၄၇
၁။ အမျိုးသမီးငယ်သည် ဆက်ပုန်းကွယ်လို့မရကြောင်း နားလည်သဘောပေါက်လာသည်။
၂။ သခင်ယေရှုထံ ချဉ်းကပ်လာသည်
က) ကြောက်ရွံ့တုန်လှုပ်သော စိတ်နှင့်
ခ) ပျပ်ဝပ်သည်
ဂ) သခင်ယေရှုကို တို့ရခြင်းအကြောင်းကို ဝန်ခံသည်
ယ) ချက်ခြင်းအဘယ်ကဲ့သို့ သက်သာသည်ကို ဖော်ပြသည်။
၃။ သခင်ယေရှု၏ တုန့်ပြန်မှုများ
ကိုယ်တော်ကလည်း၊ ငါ့သမီး၊ မစိုးရိမ်နှင့်။ သင်၏ယုံကြည်ခြင်းသည် သင့်အနာကို ငြိမ်းစေပြီး။ ငြိမ်ဝပ် စွာသွားလော့ဟု မိန့်တော်မူ၏။ ရှင်လုကာ ၈း ၄၈
က) စိုးရိမ်စရာမရှိရန်
ခ) သူမ၏ ယုံကြည်ခြင်းသည် သူမအား သက်သာစေကြောင်း
ဂ) ငြိမ်ဝပ်စွာ သွားနိုင်ကြောင်း
ယာဣရုအား အားပေးတိုက်တွန်းခြင်း စကားများ
၁။ ယာဣရုအား သမီးသေကြောင်း အကြောင်းကြားခြင်း
ထိုသို့ မိန့်တော်မူစဉ်တွင် တရားစရပ်မှူးအိမ်မှ လူလာ၍၊ ကိုယ်တော်၏ သမီးသေပါပြီ။ ဆရာကို မနှောင့်ရှက်ပါနှင့်ဟုဆို၏။ ရှင်လုကာ ၈း ၄၉
က) ကိုယ်တော်၏ သမီးသေပါပြီ။
ခ) ဆရာကို မနှောင့်ရှက်ပါနှင့်
၂။ သခင်ယေရှုသည် စရပ်မှူးအား အားပေးစကားပြောခဲ့သည်။
ယေရှုသည်ကြားလျှင်၊ မကြောက်ကြနှင့်။ ယုံကြည်ခြင်းစိတ်တခုသာရှိစေလော့။
ထိုသို့ရှိလျှင်သူသည် ဘေးနှင့်လွတ်လိမ့်မည်ဟု တရားစရပ်မှူးအား မိန့်တော်မူ၏။ ရှင်လုကာ ၈း ၅၀
က) မကြောက်နဲ့
ခ) ယုံကြည်ခြင်းစိတ်တခုသာရှိစေလော့
ဂ) သူသည် ဘေးနှင့်လွတ်လိမ့်မည်
သခင်၏ အခွင့်အာဏကာ အတည်ပြုခြင်း
လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြသည်ကို ကိုယ်တော်က၊ မငိုကြနှင့်။ သူငယ်သေသည် မဟုတ်၊
အိပ်ပျော်သည်ဟု မိန့်တော်မူလျှင်၊ သူငယ်သေကြောင်းကို ထိုသူတို့သည်သိသဖြင့် ကိုယ်တော်ကို ပြက်ယယ်ပြုကြ၏။ ရှင်လုကာ ၈း ၅၂-၅၃
၁။ လူထု
က) ငိုကြွေးမြည်တမ်းကြသည်
ခ) သခင်ယေရှုကို ပြက်ယယ်ပြုကြသည်
၂။ ယာဣရု၏ သမီးထမြောက်ခြင်း
ထိုသူရှိသမျှတို့ကို ပြင်သို့ထွက်စေပြီးမှ သူငယ်၏လက်ကို ကိုင်တော်မူလျက်၊
သူငယ်ထလော့ဟု ခေါ်တော်မူသည်တွင်၊ စိတ်ဝိညာဉ်ပြန်လာ၍ မိန်းမငယ်သည် ချက်ခြင်းထလေ၏။ ရှင်လုကာ ၈း ၅၄-၅၅
က) သခင်သည် ‘သူငယ်ထလော့’ ဟု ခေါ်တော်မူသည်။
ခ) ထိုနောက် စိတ်ဝိညာဉ်ပြန်လာ၍ ချက်ခြင်းထလေ၏။
ကျွန်ုပ်တို့၏ စိန်ခေါ်မှုများ
၁။ ယုံကြည်ခြင်းနှင့် ထိတွေ့ရန် စွန့်စားရဲကြမလား။
၂။ သခင်ယေရှု မိန့်တော်မူသည်ကို လက်ခံနိုင်ကြမလား
“ယုံကြည်ခြင်းစိတ်တစ်ခုသာ ရှိစေလော့”
၃။ ယုံကြည်ခြင်းကို ထိထိရောက်ရောက် လက်တွေ့အသုံးချနေရမည်။