Bethany Independent Presbyterian Church

Myanmar

လဲလျက်ရှိသောဒါဝိတ်၏တဲကို ပြန်တည်ဆောက်မည် တ ၁၅း ၁၇

လဲလျက်ရှိသောဒါဝိတ်၏တဲကို ပြန်တည်ဆောက်မည် တ ၁၅း ၁၇



နိဒါန်း

၁။ ယေရုရှလင်အသင်းတော်၏ အားသာချက်

က။ အရေးပါသော အသင်းတော်ဖြစ်လာသည်။

ခ။ တဖြည်းဖြည်းပို၍ကြီးထွားလာသည်။

ဂ။ တစ်ညီတစ်ညွတ်တည်းရှိခြင်းသည် အလွန်ပင်အရေးကြီးသည်။

၂။ ယေရုရှလင်အသင်းတော်၏ အားနည်းချက်

က။ တစ်ပါးအမျိုးသားများထံဧဝံဂေလိပြန့်နှံ့စေရန် ခက်ခဲမှုများရှိခဲ့သည်။

ခ။ တစ်မျိုးအသားများနှင့်အတူ ရင်းနှီးဆက်ဆံခြင်းများမလုပ်ပေ။

ဂ။ အသင်းတော်ခေါင်းဆောင်များသည် ယေရုစလင်ကောင်စီ၌ တစ်ပါးအမျိုးသားများ

ဘုရားသခင်၏နိုင်ငံတော်ထဲသို့ ပါဝင်ရေး၊မပါဝင်ရေးများအတွက် အငြင်းအခုံပြုလုပ်ကြသည်။

 

တောင့်တင်းလျက် ဆန့်ကျင်ဘက်ပြုသော အဖွဲ့အစည် (၂) ခု

၁။ ရှေးရိုးစွဲသော ယုဒလူမျိုးများ

က။ တစ်ပါးအမျိုးသားများအား အသင်းတော်၌ လက်ခံရန် အဆင်သင့်ဖြစ်နေကြသည်။

ခ။ သို့သော်လည်း၊ တစ်ပါးအမျိုးသားများသည် ယုဒလူမျိုးများ၏နည်းဥပဒေသအတိုင်း လိုက်နာရမည်။

၁။ ယောကျာ်းမှန်သမျှ အရေဖျားလှီးခြင်းကို ခံရမည်။

၂။ မောရှေ၏ ပညတ်များကို လိုက်နာကျင့်သုံးရမည်။

၂။ ရှေးရိုးစွဲသောအမြင်ကို ဆန့်ကျင်သော ခေါင်းဆောင်များ

က။ ရှင်ပေါလုနှင့် ဗာနဗ

၁။ သူတို့သည် ရှုရိပြည်၊ အန္တိအုတ်မြို့၌ အသင်းတော်၏ စေလွှတ်ခြင်းခံကြသည်။

၂။ တစ်ပါးအမျိုးသားများထံသူတို့၏အမှုတော်သည် အောင်မြင်ခြင်းရှိသည်။

ခ။ ရှင်ပေတရု

၁။ သူသည် တစ်ပါးအမျိုးဖြစ်သော တပ်မှူး ကောနေလိထံ စေလွှတ်ခြင်းခံသည်။

၂။ သူသည် တစ်ပါးအမျိုးသားများထံ ဘုရားသခင်၏ဝိညာဉ်တော်သွန်းလောင်းခြင်း၏ သက်သေဖြစ်သည်။

၃။ သူတို့သည် ဗတ္တိဇံခံကြသည်။ တ ၁ဝ-၁၁

ဂ။ ယာကုပ်၊ သခင်ယေရှု၏ ညီအစ်ကို

၁။ သူသည် ယေရုရှလင်အသင်းတော်၏ တိုင်တစ်ပါးဖြစ်သည်။

၂။ သူသည် ဤအရာနှင့်ပတ်သက်၍ ရှင်းလင်းသောရပ်တည်ချက်ပြုလုပ်သည်။

 

ရှင်ယာကုပ်၏ ဆွေးနွေးတင်ပြချက်များ

၁၃။ ထိုသူတို့သည် အကုန်အစင်ပြောဆိုပြီးမှ၊ ယာကုပ်က ညီအစ်ကိုတို့၊ ငါ့စကားကိုနားထောင်ကြလော့။

၁၄။ ဘုရားသခင်သည် မိမိနာမအဖို့၊ တပါးအမျိုးတို့ထဲက အချို့သောသူတို့ကို နှုတ်ယူခြင်းဌါ၊

ရှေ့ဦးစွာတပါးအမျိုးတို့ကို အကြည့်အရှုကြွလာတော်မူသည်အကြောင်းအရာကို ရှိမုန်သည် ဟောပြောခဲ့ပြီ။

၁၅။ ထိုအကြောင်းအရာသည်လည်း ပရောဖက်တို့၏စကားနှင့်ညီ၏။

၁၆။ ကျမ်းစာလာသည်ကား၊ ငါ၏နာမဖြင့်သမုတ်သော တပါးအမျိုးအပေါင်းနည်းဟူသော

ကျန်ကြွင်းရစ်သောသူတို့သည် ထာဝရဘုရားကိုရှာစေခြင်းဌါ နောက်မှ ငါပြန်လာမည်။

၁၇။ လဲလျက်ရှိသောဒါဝိဒ်၏တဲကိုပြန်တည်ဆောက်မည်။ ပြိုပျက်ရာများကိုလည်း ပြုပြင်ပြီးလျှင်၊ ထိုတဲကိုပြန်မတ်စေမည်ဟု၊

၁၈။ ဤအမှုအရာတို့ကိုစီရင်မူသော ထာဝရဘုရား၏ဗျာဒိတ်တော်ရှိ၏ဟု လာသတည်း။

ဘုရားသခင်သည် ကမ္ဘာဦးမှစ၍ မိမိစီရင်တော်မူသမျှသောအမှုအရာတို့ကို သိတော်မူ၏။

၁၉။ ထိုကြောင့်တပါးအမျိုးသားတို့အထဲမှ ဘုရားသခင့်ထံတော်သို့ ပြောင်းလဲသောသူတို့ကို မနှောင့်ယှက်ဘဲလျက်၊ တမန်တော်ဝတ္ထု ၁၅း ၁၃-၁၉

၁။ ရှင်ယာကုပ်သည် ရှင်ပေတရုအား ထောက်ခံကြောင်းပြောသည်။

၂။ ရှင်ပေတရုအားဖြင့်ဘုရားသခင်ပြုတော်မူသောအမှုကို အသိမှတ်ပြုခဲ့သည်။

က။ ဘုရားသခင်သည် တပါးအမျိုးသားထံ အကြည့်အရှုကြွတော်မူ၏။

ခ။ ဘုရားသခင်သည် တပါးအမျိုးသားများကိုလည်း သူ့လူမျိုးဖြစ်စေသည်။

၃။ ကျမ်းစာမှ ရှင်းလင်းချက်

က။ အာမုတ် ၉း ၁၁-၁၂ မှ ကိုးကားသည်။

ခ။ လဲလျက်ရှိသောဒါဝိဒ်၏တဲကိုပြန်တည်ဆောက်မည်ဟု ဘုရားသခင်ပြောခဲ့သည်။

၁။ ဒါဝိဒ်၏တဲသည် လဲလျက်ရှိသည်။

၂။ ဒါဝိဒ်၏နိုင်ငံတော်သည် မရှိတော့ပေ။

၃။ လဲလျက်ရှိသော၊ ပျက်စီးလျက်ရှိသောအရာတို့ကို ဘုရားသခင်သည် ပြုပြင်လိမ့်မည်။

၄။ ဒါဝိဒ်၏နိုင်ငံတော်ကို ဘုရားသခင်သည် ပြန်လည်တည်ဆောက်လိမ့်မည်။

ဂ။ ဘုရားသခင်၏ နိုင်ငံတော်

၁။ ဤအရာသည် ယုဒလူမျိုးများ၏ နိုင်ငံတော်မဟုတ်ပေ။

၂။ သူ့နာမေတော်အားဖြင့်ခေါ်တော်မူသော တပါးအမျိုးသားများအားလုံးပါဝင်သည်။

ဃ။ ဤအရာသည် ပရောဖက်ပြုခြင်းနှင့်ဆိုင်သော ဟောပြောချက်ဖြစ်သည်။

၁။ ဘုရားသခင်ကိုယ်တော်တိုင်ထံမှ ဖြစ်သည်။

၂။ ဒါဝိဒ်၏နိုင်ငံတော်ပြန်လည်တည်ထောင်ခြင်း၌ တပါးအမျိုးသားများပါဝင်သည်။

၄။ ရှင်ယာကုပ်၏ ကိုးကားဖော်ပြချက်အပြီး သူ၏ပြောကြားချက်

က။ တပါးအမျိုးသားများအဖို့ စိတ်ပူပန်ခြင်းမရှိရန်။

ခ။ ဘုရားသခင်ထံပြန်လာသောသူမှန်သမျှတို့ကို လက်ခံရန်ဖြစ်သည်။

ဂ။ သူတို့သည်လည်း ဘုရားသခင်နိုင်ငံတော်၏ အစိတ်အပိုင်းများဖြစ်ကြသည်။

ဃ။ ရှင်ယာကုပ်၏ဟောပြောချက်သည် တပါးအမျိုးသားများအား ဘုရားသခင်၏နိုင်ငံတော်၌

ညီအစ်ကိုကဲ့သို့လက်ခံရန် ယေရုရှလင်အသင်းတော်ကို အထောက်အမပေးသည်။

င။ ယေရုရှလင် ကောင်စီ၏ဆုံးဖြတ်ချက်သည် အချက်အချာကျ၍ အလွန်အရေးပါသည်။

 

နိဂုံး

၁။ ၁ ရာစု အသင်းတော်၏ ပြုပြင်ပြောင်းလဲခြင်း

က။ ယုဒလူမျိုးများ

ခ။ ရှမာရိလူမျိုးများ

ဂ။ တပါးအမျိုးသားများ

၂။ သခင်ဘုရား၏ အလုပ်များ

က။ လူသိများသောအရာဖြစ်သည်။

ခ။ တပါးအမျိုးသားတို့သည် ဘုရားခင်၏ စိတ်နှလုံး၌ရှိသည်။

ဂ။ သခင်ဘုရားကိုယ်တော်တိုင် ဒါဝိဒ်၏တဲတော်ကို ပြန်လည်တည်ဆောက်လိမ့်မည်။

ဃ။ အသင်းတော်သည် တစ်ကမ္ဘာလုံးနှင့်ဆိုင်သောအရာကို ဆိုလိုခြင်းဖြစ်သည်။