“လူသားသည် မိမိဘုန်းအာနုဘော်ကို ဆောင်လျက်…ကြွလာတော်မူသောအခါ…” မဿဲ ၂၅း၃၁-၄၆၊ ဒံယေလ ၇၊ ၂သက်သ ၁၊ ဗြာ ၁
နိဒါန်း
က။ သခင်ယေရှုခရစ်၏ ပထမကြွလာခြင်း
၁) ပရောဖက်ပြုခဲ့သည်
၂) ပြည့်စုံသည်
၃) ကယ်တင်ရှင်အဖြစ်
ခ။ သခင်ယေရှုခရစ် ဒုတိယကြိယ်ကြွလာခြင်း
၁) ပရောဖက်ပြုထားသည်
၂) ပြည့်စုံလာမည်
၃) ရှင်ဘုရင်ကဲ့သို့
သခင်ယေရှုခရစ် ပြန်လာခြင်းအကြောင်း ဖော်ပြခြင်း
၃၁လူသားသည် မိမိဘုန်းအာနုဘော်ကို ဆောင်လျက်၊ သန့်ရှင်းသော ကောင်းကင်တမန်များ အခြံအရံ တို့နှင့်တကွ ကြွလာတော်မူသောအခါ
ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာ ထိုင်၍၊ ၃၂ရှေ့တော်၌ လူမျိုးအပေါင်းတို့ကို စုဝေးစေသဖြင့်၊ သိုးထိန်းသည် သိုးနှင့်ဆိတ်တို့ကို အသီးအခြားခွဲ၍၊
၃၃သိုးတို့ကို လက်ျာတော်ဘက်၊ ဆိတ်တို့ကို လက်ဝဲတော်ဘက်၌ ထားတော်မူလတံ့။ ၃၄ ထိုအခါ လက်ျာတော်ဘက်၌ရှိသော သူတို့အား မင်းကြီးက၊
ငါ့ခမည်းတော်ထံ ကောင်းကြီးမင်္ဂလာကို ခံသောသူတို့၊ ကမ္ဘာဦးကပင် သင်တို့အဘို့ ပြင်ဆင်သောနိုင်ငံကို လာ၍ အမွေခံကြလော့။
၃၅ အကြောင်းမူကား၊ ငါသည် မွတ်သိပ်သောအခါ သင်တို့သည် ကျွေးကြ၏။ ငါသည် ရေငတ်သောအခါ သင်တို့သည် သောက်ဘို့ပေးကြ၏။ ငါသည်
ဧည့်သည်ဖြစ်သောအခါ သင်တို့သည် ဧည့်သည်ဖြစ်သောအခါ သင်တို့သည် ဧည့်သည်ဝတ်ကို ပြုကြ၏။
၃၆ ငါသည် အဝတ်အချည်းစည်းရှိသောအခါ သင်တို့သည် အဝတ်နှင့်ဖုံးလွှမ်းကြ၏။ ငါသည် အနာ ရောဂါ စွဲသောအခါ သင်တို့သည်ကြည့်ရှုပြုစုကြ၏။ ငါသည်
ထောင်ထဲမှာနေရသောအခါ သင်တို့သည် ငါ့ထံသို့လာကြ၏ဟု မိန့်တော်မူလျှင်၊ ၃၇ ဖြောင့်မတ်သောသူတို့က၊ သခင်၊ ကိုယ်တော်သည် မွတ်သိပ်တော်မူသည်ကို
အဘယ်အခါ၌ အကျွန်ုပ် တို့သည်မြင်၍ ကိုယ်တော်ကို လုပ်ကျွေးပါသနည်း။ ရေငတ်တော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည် မြင်၍ ကိုယ်တော်ကို
သောက်ဘို့ပေးပါသနည်း။ ၃၈ ဧည့်သည်ဖြစ်တော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည်မြင်၍ ဧည့်သည်ဝတ်ကို ကိုယ်တော် အား ပြုပါသနည်း။
အဝတ်အချည်းစည်းရှိတော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည်မြင်၍ ကိုယ်တော် ကို အဝတ်နှင့်ဖုံးလွှမ်းပါသနည်း။
၃၉ အနာစွဲတော်မူသည်ကို၎င်း၊ ထောင်ထဲမှာ နေတော်မူသည်ကို၎င်း၊ အဘယ်အခါ၌ အကျွန်ုပ်တို့သည် မြင်၍ အထံတော်သို့ ရောက်ပါသနည်းဟု
ပြန်၍လျှောက်ကြသော်၊ ၄၀ မင်းကြီးက၊ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသော သူတယောက်အား ပြုကြသမျှတို့ကို
ငါ့အား ပြုကြပြီဟု ပြန်၍မိန့်တော်မူလတံ့။ ၄၁ထိုအခါ လက်ဝဲတော်ဘက်၌ရှိသောသူတို့အား မင်းကြီးက၊ ကျိန်ခြင်းကို ခံရသောသူတို့၊ မာရန်နတ်နှင့်
သူ၏တမန်တို့အဘို့ ပြင်ဆင်သောထာဝရမီးထဲသို့ ငါ့ထံမှ ခွာသွားကြလော့။ ၄၂ အကြောင်းမူကား၊ ငါသည် မွတ်သိပ်သောအခါ သင်တို့သည်မကျွေး၊ ငါသည်
ရေငတ်သောအခါ သင် တို့သည် သောက်ဘို့မပေး။ ၄၃ ငါသည် ဧည့်သည်ဖြစ်သောအခါ သင်တို့သည် ဧည့်သည်ဝတ်ကိုမပြု။ ငါသည် အဝတ်အချည်းစည်းရှိ
သောအခါ သင်တို့သည် အဝတ်နှင့်မဖုံးမလွှမ်း။ ငါသည် အနာရောဂါစွဲသောအခါ၌၎င်း၊ ထောင်ထဲမှာ နေရ သောအခါ၌၎င်း၊ သင်တို့သည် မကြည့်ရှုမပြုစုကြဟု
မိန့်တော်မူလျှင်၊ ၄၄ထိုသူတို့က၊ သခင်၊ ကိုယ်တော်သည် မွတ်သိပ်တော်မူခြင်း၊ ရေငတ်တော်မူခြင်း၊ ဧည့်သည်ဖြစ်တော်မူ ခြင်း၊ အဝတ်အချည်းစည်းရှိတော်မူခြင်း၊
အနာစွဲတော်မူခြင်း၊ ထောင်ထဲမှာနေတော်မူခြင်းတို့ကို အကျွန်ုပ်တို့ သည် အဘယ်အခါ၌မြင်၍ ကိုယ်တော်ကို မပြုစုမလုပ်ကျွေးဘဲ နေပါသနည်းဟု
ပြန်၍လျှောက်ကြသော်၊ ၄၅မင်းကြီးက၊ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ဤသူတို့တွင် အငယ်ဆုံးသောသူတယောက်အား
မပြုသမျှတို့ကို ငါ့အား မပြုကြပြီဟု ပြန်၍မိန့်တော်မူလတံ့။ ၄၆ထိုသူတို့သည် ထာဝရအပြစ်ဒဏ်ခံရာသို့၎င်း၊ ဖြောင့်မတ်သောသူတို့မူကား၊
ထာဝရအသက်ရှင်ရာ သို့၎င်း သွားရကြလတံ့ဟု မိန့်တော်မူ၏။ မဿဲ ၂၅း၃၁-၄၆
က။ လူသားသည် မိမိဘုန်းနှင့်
၁) ကောင်းတင်တမန်များသည် သူနှင့်အတူပါမည်
၂) ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာ ထိုင်၍၊
ခ။ လူမျိုးအပေါင်းတို့ အားစီရင်ခြင်း
၁) အားလုံးစုစည်းမည်
၂) ကိုယ်တော်သည် သူတို့အား ခွဲခြားပြီး ခြားနားမည်
က) သိုး
သူတို့သည် “ဖြောင့်မတ်သောသူများ” ဖြစ်သည် မဿဲ ၃၅း၃၇
ခ) ဆိတ်တို့သည် “အမင်္ဂလာရှိသူ” များဖြစ်သည် မဿဲ ၂၅း၄၁
ဖြောင့်မတ်သောသူတို့ကို စီရင်ခြင်း
က။ ကျေးဇူးနှင့်ပြည့်သော ချီးမွမ်းခြင်းစကားများကို သိုးတို့အားပေးခြင်း
၃၄ ထိုအခါ လက်ျာတော်ဘက်၌ရှိသော သူတို့အား မင်းကြီးက၊ ငါ့ခမည်းတော်ထံ ကောင်းကြီးမင်္ဂလာကို ခံသောသူတို့၊ ကမ္ဘာဦးကပင် သင်တို့အဘို့
ပြင်ဆင်သောနိုင်ငံကို လာ၍ အမွေခံကြလော့။ ၃၅ အကြောင်းမူကား၊ ငါသည် မွတ်သိပ်သောအခါ သင်တို့သည် ကျွေးကြ၏။ ငါသည် ရေငတ်သောအခါ
သင်တို့သည် သောက်ဘို့ပေးကြ၏။ ငါသည် ဧည့်သည်ဖြစ်သောအခါ သင်တို့သည် ဧည့်သည်ဖြစ်သောအခါ သင်တို့သည် ဧည့်သည်ဝတ်ကို ပြုကြ၏။
၃၆ ငါသည် အဝတ်အချည်းစည်းရှိသောအခါ သင်တို့သည် အဝတ်နှင့်ဖုံးလွှမ်းကြ၏။ ငါသည် အနာ ရောဂါ စွဲသောအခါ သင်တို့သည်ကြည့်ရှုပြုစုကြ၏။ ငါသည်
ထောင်ထဲမှာနေရသောအခါ သင်တို့သည် ငါ့ထံသို့လာကြ၏ဟု မိန့်တော်မူလျှင်၊ မဿဲ ၂၅း၃၄-၃၆
၁) ခမည်းတော်ထံကောင်းကြီးမင်္ဂလာ
၂) ကမ္ဘာဦးကပင် သင်တို့အဘို့ ပြင်ဆင်သောနိုင်ငံကို လာ၍ အမွေခံကြလော့
၃) အကြောင်းရင်းကိုပေးသည်၊-
က) ငါသည် မွတ်သိပ်သောအခါ သင်တို့သည် ကျွေးကြ၏။
ခ) ငါသည် ရေငတ်သောအခါ သင်တို့သည် သောက်ဘို့ပေးကြ၏။
ဂ) ငါသည် ဧည့်သည်ဖြစ်သောအခါ သင်တို့သည် ဧည့်သည်ဝတ်ကို ပြုကြ၏
ဃ) ငါသည် အဝတ်အချည်းစည်းရှိသောအခါ သင်တို့သည် အဝတ်နှင့်ဖုံးလွှမ်းကြ၏။
င) ငါသည် အနာ ရောဂါ စွဲသောအခါ သင်တို့သည်ကြည့်ရှုပြုစုကြ၏။
စ) ငါသည် ထောင်ထဲမှာနေရသောအခါ သင်တို့သည် ငါ့ထံသို့လာကြ၏
ခ။ ဖြောင့်မတ်သောသူတို့၏ မေးခွန်း
၃၇ ဖြောင့်မတ်သောသူတို့က၊ သခင်၊ ကိုယ်တော်သည် မွတ်သိပ်တော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ် တို့သည်မြင်၍ ကိုယ်တော်ကို လုပ်ကျွေးပါသနည်း။
ရေငတ်တော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည် မြင်၍ ကိုယ်တော်ကို သောက်ဘို့ပေးပါသနည်း။
၃၈ ဧည့်သည်ဖြစ်တော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည်မြင်၍ ဧည့်သည်ဝတ်ကို ကိုယ်တော် အား ပြုပါသနည်း။ အဝတ်အချည်းစည်းရှိတော်မူသည်ကို
အဘယ်အခါ၌ အကျွန်ုပ်တို့သည်မြင်၍ ကိုယ်တော် ကို အဝတ်နှင့်ဖုံးလွှမ်းပါသနည်း။ ၃၉ အနာစွဲတော်မူသည်ကို၎င်း၊ ထောင်ထဲမှာ နေတော်မူသည်ကို၎င်း၊
အဘယ်အခါ၌ အကျွန်ုပ်တို့သည် မြင်၍ အထံတော်သို့ ရောက်ပါသနည်းဟု ပြန်၍လျှောက်ကြသော်၊ မဿဲ ၂၅း၃၇-၃၉
၁) သူတို့သည် အံ့သြခြင်းရှိကြသည်
၂) ဘုရင်သည် ဘာဆိုလိုသနည်း၊
ဂ။ ရှင်ဘုရင်း၏ အဖြေ
၄၀ မင်းကြီးက၊ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသော
သူတယောက်အား ပြုကြသမျှတို့ကို ငါ့အား ပြုကြပြီဟု ပြန်၍မိန့်တော်မူလတံ့။ မဿဲ ၂၅း၄၀
၁) အငယ်ဆုံးသောသူတို့အား အစီခံခြင်း
၂) သူတို့အပေါ်ပြုသော အမှုသည် သခင့်အပေါ်ပြုခြင်းအဖြစ် မှတ်ယူသည်
မဖြောင့်မတ်သောသူ အားစီရင်ခြင်း
က။ မဖြောင့်မတ်သောသူ အားပြစ်တင်ဆုံးမခြင်း
၄၁ထိုအခါ လက်ဝဲတော်ဘက်၌ရှိသောသူတို့အား မင်းကြီးက၊ ကျိန်ခြင်းကို ခံရသောသူတို့၊ မာရန်နတ်နှင့် သူ၏တမန်တို့အဘို့ ပြင်ဆင်သောထာဝရမီးထဲသို့ ငါ့ထံမှ
ခွာသွားကြလော့။ ၄၂ အကြောင်းမူကား၊ ငါသည် မွတ်သိပ်သောအခါ သင်တို့သည်မကျွေး၊ ငါသည် ရေငတ်သောအခါ သင် တို့သည် သောက်ဘို့မပေး။
၄၃ ငါသည် ဧည့်သည်ဖြစ်သောအခါ သင်တို့သည် ဧည့်သည်ဝတ်ကိုမပြု။ ငါသည် အဝတ်အချည်းစည်းရှိ သောအခါ သင်တို့သည် အဝတ်နှင့်မဖုံးမလွှမ်း။ ငါသည်
အနာရောဂါစွဲသောအခါ၌၎င်း၊ ထောင်ထဲမှာ နေရ သောအခါ၌၎င်း၊ သင်တို့သည် မကြည့်ရှုမပြုစုကြဟု မိန့်တော်မူလျှင်၊ မဿဲ ၂၅း၄၁-၄၃
၁) လူအပ်နေသောသူများ အပေါ်သူတို့ဘာမျှမပြု
၂) သူတို့သည် သခင်အား လုံးဝအစီမခံကြ
၃) သူတို့သည် ထာဝရအပြစ်စီရင်ခြင်းသို့ပို့ဆောင်ခြင်းခံမည်
ခ။ မဖြောင့်မတ်သောသူတို့ ဆန့်ကျင်ခြင်း
၄၄ ထိုသူတို့က၊ သခင်၊ ကိုယ်တော်သည် မွတ်သိပ်တော်မူခြင်း၊ ရေငတ်တော်မူခြင်း၊ ဧည့်သည်ဖြစ်တော်မူ ခြင်း၊ အဝတ်အချည်းစည်းရှိတော်မူခြင်း၊
အနာစွဲတော်မူခြင်း၊ ထောင်ထဲမှာနေတော်မူခြင်းတို့ကို အကျွန်ုပ်တို့ သည် အဘယ်အခါ၌မြင်၍ ကိုယ်တော်ကို မပြုစုမလုပ်ကျွေးဘဲ နေပါသနည်းဟု
ပြန်၍လျှောက်ကြသော်၊ ၄၅ မင်းကြီးက၊ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ဤသူတို့တွင် အငယ်ဆုံးသောသူတယောက်အား မပြုသမျှတို့ကို
ငါ့အား မပြုကြပြီဟု ပြန်၍မိန့်တော်မူလတံ့။ ၄၆ ထိုသူတို့သည် ထာဝရအပြစ်ဒဏ်ခံရာသို့၎င်း၊ ဖြောင့်မတ်သောသူတို့မူကား၊
ထာဝရအသက်ရှင်ရာ သို့၎င်း သွားရကြလတံ့ဟု မိန့်တော်မူ၏။ မဿဲ ၂၅း၄၄-၄၆
၁) သူတို့သည် ခက်ခဲသောသူတို့အား ဂရုမစိုက်ခဲ့ကြ
၂) သူတို့သည် သခင့်အား အစီမခံခဲ့ကြ
၃) သူတို့၏ ကံကြမ္မာသည် ထာဝရအပြစ်ဒဏ်ခံခြင်းဖြစ်သည်
နိဂုံး
က။ ကျွန်တော်တို့၏ ကယ်တင်ခြင်းကို တန်ဖိုးမထားဘဲမနေကြပါစို့၊
ခ။ စစ်မှန်သော ကယ်တင်ခြင်းသည် သူတပါးအား ပြုစုခြင်းအားဖြင့်ထင်ရှားမည်၊
ဂ။ ကျွန်တော်တို့သည် ဘုရားသခင့်ကျက်စားအရပ်၏သိုးစု ဖြစ်ဖို့သတိပြုကြပါစို့။