Bethany Independent Presbyterian Church

Myanmar

“ဘုရားသခင်၏ သာသနာတော်သည် တိုးပွားများပြားလာ၏” (တမန် ၁၂း ၂၄)

“ဘုရားသခင်၏ သာသနာတော်သည် တိုးပွားများပြားလာ၏” (တမန် ၁၂း ၂၄)


နိဒါန်း

၁။ အသင်းတော်၏ ကြီးထွားခြင်း

က။ ရိုးလူမျိူး အသင်းတော်အဖြင့် အစပြုသည်

ခ။ စမာရိလူများလည်း ပါဝင်လာသည်။

ဂ။ တိုင်းတစ်ပါးလူများလည်း ပါဝင်လာသည်။

၂။ အသင်းတော်ကြီးထွားရန် ကူညီပေးသော အဂါၤရပ်များ

က။ သန့်ရှင်းသော ဝိညာဉ်တော်

ခ။ တမန်တော်များ

ဂ။ ယုံကြည်ခြင်း တန်ခိုး၌ ထူးခြားသောသူများ

 

ဘုရား နုတ်ဂပတ်တော်၏ နေရာ

၁။ ဘုရားသခင်၏ နုတ်ကပတ်တော် ဟောပြောခြင်း

က။ ပေတရု ပထမ တရားဒေသနာ တမန်တော် ၂

ခ။ ဘုရားကျောင်း၌ နုတ်ကပတ်တော် ဟောပြောခြင်း တမန် ၃

၂။ တမန်တော်ဝတ္တု၌ ဘုရားနုတ်ကပတ်တော်၏ နေရာကို လေ့လာခြင်း

က။ ကျမ်းစာများကို ကူးကားသည်

၁။ ရုဒ၏ သေခြင်းကို ရှင်းပြဖို့ရန် တမန် ၁း ၁၆

၂။ တမန်တော်အသစ်အား ခန့်အပ်သောအခါ တမန် ၁း ၂၀

၃။ ဝိညာဉ်တော်သွင်းလောင်းခြင်းကို နားလည်သောအခါ တမန် ၂း ၁၆-၂၁

၄။ သခင်ယေရှူ၏ ရှင်ပြန်ထမြောက်ခြင်းအကြောင်း၌ တမန် ၂း ၂၅-၂၈

ခ။ ကျမ်းစာများကို လေ့လာကြသည်

၁။ အသင်းတော်က

၂။ သင်းသူသင်းသားများ က တမန် ၂း ၁၄

ဂ။ ကျမ်းစာများကို ဟောပြောသည်

၁။ ပေတရုက လူထုတို့အားဟောသည် တမန် ၃း ၁၈

၂။ နုတ်ကပတ်တော်ဟောခြင်းသည် လေးနက်သော ဆက်ကပ်မှူဖြစ်သည်

၃။ ကျမ်းစာများကို သတိရသည်

က။ ဆုတောင်းခြင်း၌ တမန် ၃း ၂၅-၂၆

ခ။ နုတ်ကပတ်တော်ဟောခြင်း၌ သတ္တိရှိဖို့ ဆုတောင်းခြင်း တမန် ၄း ၂၉

 

ဘုရား၏နုတ်ကပတ်တော် ကျယ်ပြန့်လာခြင်း

၁။ ဘုရား၏နုတ်ကပတ်တော်နှင့် တမန်တော်များ တိုးပွားခြင်း ဘုရားသခင်၏ သာသနာတော်သည် တိုးပွားသဖြင့် ယေရုရှလင်မြို့၌

တပည့်တော်တို့သည် အလွန်ပွါး များ၍၊ ယဇ်ပုရောဟိတ် အပေါင်းတို့သည် ယုံကြည်ခြင်း တရားကို နားထောင်ကြ၏။ တမန် ၆း၇

၂။ ရှင်ဟဲဒင့် ကောင်စီရှေ့၌ သတေဖန်၏ ဒေသနာ

က။ ကောင်စီရှေ့မှာ ခေါ်ခြင်းခံသည်

ခ။ သတေဖန်၏ ဒေသနာသည် ကျမ်းပုဒ်ကူးကားခြင်းနှင့် ပြည့်သည် တမန် ၇

ဂ။ သူသည် သခင့်အတွက် ပထမဆုံးသော မာတုရဖြစ်သည် တမန် ရး ၆၀

၃။ ဘုရား၏ နူတ်ကပတ်တော်သည် ရှမရိအထိ ပျံ့နှံ့သည်

14 ရှမာရိမြို့သားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ခံယူကြပြီဟု ယေရုရှလင်မြို့၌ ရှိသော

တမန်တော်တို့သည် သိတင်း ကြားလျှင်၊ ပေတရုနှင့်ယောဟန်တို့ကို စေလွှတ်ကြ၏။

15 ထိုမြို့သူမြို့သား တို့သည် သခင်ယေရှု၏နာမ၌ ဗတ္တိဇံကို ခံရုံ မျှသာရှိသဖြင့်၊

16 တစုံတယောက်သောသူအပေါ်၌ သန့်ရှင်းသော ဝိညာဉ်တော်သည် သက်ရောက်တော် မမူသေးသည် ဖြစ်၍၊

တမန်တော်တို့သည် ရောက်ကြလျှင်၊ ဝိညာဉ်တော် ကိုခံရမည်အကြောင်း ထိုမြို့သူမြို့သားတို့ အဘို့ ဆုတောင်း၍၊

17 ထိုသူတို့အပေါ်၌ လက်ကိုတင်သောအားဖြင့် သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကိုခံရကြ၏။ တမန် ၈း ၁၄-၁၇

က။ ဘုရား၏ နူတ်ကပတ်တော်ည် ရှမာရိပြည်အထိ ပျံ့နှံ့ခဲ့သည်

ခ။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုကျေးဇူးဖြင့် ဘုရား၏နိုင်ငံတော်ကို လက်ခံခြင်းကို အတည်ပြုသည်။

26 တဖန် ထာဝရဘုရား၏ ကောင်းကင်တမန် သည် ဖိလိပ္ပုအား၊ သင်ထ၍ ယေရုရှလင်မြို့မှ ဂါဇမြို့ သို့သွားရာ

တောလမ်းတွင် တောင်မျက်နှာသို့ သွားလော့ ဟု ဆိုသည်အတိုင်း၊ ဖိလိပ္ပုသည်ထ၍ သွားလေ၏။

27 ထိုအခါ အဲသယောပိပြည်ကိုအစိုးရသော မိဖုရားကန္ဒက်ထံ၌ ဘုန်းကြီးသောအမတ်ဖြစ်၍၊

ဘဏ္ဍတော်ရှိသမျှကို အုပ်စိုးရသော အဲသယောပိ ပြည်သား တယောက်သည် ကိုးကွယ်ခြင်းငှါ ယေရုရှလင် မြို့ သို့သွား၍၊

28 ပြန်စဉ်တွင် မိမိရထားပေါ်၌ထိုင်လျက် ပရောဖက်ဟေရှာယ၏ ကျမ်းစာကို ဘတ်လေ၏။

29 ဝိညာဉ်တော်ကလည်း၊ ထိုရထားသို့ ချဉ်းကပ်၍ မှီဝဲလော့ဟု ဖိလိပ္ပုအား ဗျာဒိတ်ပေးတော်မူသဖြင့်၊

30 ဖိလိပ္ပုသည် ရထားသို့ပြေး၍ ပရောဖက် ဟေရှာယ၏ ကျမ်းစာ၌ ဘတ်သည်ကိုကြားလျှင်၊ ဘတ်သောအရာကို နားလည်ပါ၏ လောဟု မေးမြန်း၏။

31 ထိုအမတ်ကလည်း၊ သွန်သင်ပဲ့ပြင်သော သူမရှိလျှင် အဘယ်သို့ နားလည်နိုင်မည်နည်းဟု

ဆိုပြီးမှ မိမိနှင့်အတူ ဖိလိပ္ပုတက်၍ထိုင်နေ ပါမည်အကြောင်း တောင်းပန်၏။

32 ကျမ်းစာ၌ ဘတ်သောအချက်ဟူမူကား၊ အသေ သတ်ခြင်းငှါ ဆောင်သွားသော သိုးကဲ့သို့ သူ့ကို ဆောင်သွား၍၊

သိုးသငယ်သည် အမွေးညှပ်သောသူ ရှေ့မှာ မမြည်ဘဲ နေသကဲ့သို့ သူသည်နှုတ်ကိုမဖွင့် ဘဲနေ၏။

33 နှိမ့်ချခြင်းကိုခံစဉ်တွင် သူတပါးတို့သည် ထိုသူကို မတရားသ ဖြင့် စီရင်ကြ၏။ ထိုသူ၏အသက်ကို

မြေကြီးကသိမ်းရုပ်သည်ဖြစ်၍၊ သူ၏အမျိုးအနွယ်ကို အဘယ်သူပြညွှန်မည်နည်းဟု ကျမ်းစာ လာသတည်း။

34 ထိုအမတ်ကလည်း၊ ပရောဖက်သည် အဘယ် သူကို ရည်မှတ်၍ ဤသို့ဆိုပါသနည်း။

ကိုယ်ကိုတည်း ဆိုလိုသလော။ သူတပါးကိုတည်း ဆိုလိုသလောဟု တောင်းပန်လျက်၊

35 ဖိလိပ္ပုအား မေးမြန်းလျှင်၊ ဖိလိပ္ပုသည် မိမိနှုတ်ကိုဖွင့်၍ ထိုကျမ်းစာချက်ကို အစွဲပြုလျက်၊

ယေရှု၏အကြောင်းတည်းဟူသော ဧဝံဂေလိတရားကို ဟောလေ၏။ တမန် ၈း ၂၆-၃၅

က။ ကောင်းကင်တမန်၏ လမ်းပြခြင်း

ခ။ သန့်ရှင်းသော ဝိညာဉ်တော်၏ ပါဝင်မှု

ဂ။ ကျမ်းစာများကို ဖွင့်ဖတ်ခြင်း

ဃ။ ဘုရားနုတ်ကပတ်တော်ကို ဟောပြောခြင်း

င။ ကျမ်းစာနှင့်ကိုက်ညီသော ဧဝံဂီလိဟောခြင်း အကျင့်ရှိသည်။

 

အရေးကြီးသော အချက်အလက်၏ အတို

20 ထိုနောက်၊ ဟေရုဒ်မင်းသည် ယုဒပြည်မှ ကဲသရိမြို့သို့သွား၍ နေသည်ရှိသော်၊ တုရုမြို့သားနှင့် ဇိဒုန် မြို့သားတို့ကို အမျက်ထွက်လေ၏။

ထိုသူတို့သည် တညီတညွတ်တည်းလာကြ၍၊ ဗလတ္တုအမည်ရှိသော အတွင်းဝန်ကို ဖျောင်းဖျပြီးမှ၊ အမျက်တော်ပြေမည်အကြောင်း တောင်းပန်ကြ၏။

အကြောင်းမူကား၊ သူတို့ပြည်သည်ပြည်တော်ကိုမှီ၍ ကျွေးမွေးခြင်းကိုခံရ၏။

21 ဟေရုဒ်မင်းသည်လည်း ချိန်းချက်သောနေ့၌ မင်းမြောက် တန်ဆာကိုဝတ်ဆင်၍ ပလ္လင်တော်ပေါ်မှာ ထိုင်လျက် ထိုသူတို့အားမိန့် တော်မူ၏။

22 လူများတို့က၊ ဤအသံသည်လူ၏အသံမဟုတ်။ ဘုရားသခင်၏ အသံဖြစ်၏ဟု ကြွေးကြော်ကြသည် ရှိသော်၊

23 ထိုမင်းကြီးသည် ဘုရားသခင်၏ ဂုဏ်အသရေတော်ကို မထောက်ထားသောကြောင့်၊ ထိုခဏခြင်းတွင်

ထာဝရဘုရား၏ ကောင်းကင်တမန်သည် ဒဏ်ခတ်၍၊ ကိုယ်တွင်း၌ ပိုးများကိုက်သဖြင့် အနိစ္စရောက်လေ၏။

24 ဘုရားသခင်၏ သာသနာတော်သည် တိုးပွားများပြားလာ၏။ တမန် ၁၂း ၂၀-၂၄

၁။ အသင်းတော်ကို တိုက်ခိုက်ခြင်းနှင့် ညှဉ်ပန်းနှိပ်စက်ခြင်း

က။ ရှင်ဟဲဒင့် ကောင်စီမှ

ခ။ Herod ဘုရင်မင်းကြီးမှ

၂။ သို့သော် အသင်းတော်သည် ဆက်လက်ကြီးထွားသည်

ဘုရား၏နုတ်ကပတ်တော်သည် ကြီးထွား၍ ပျံ့နှံ့သည် တမန် ၁၂း ၂၄

 

နိဂုံး

၁။ ဘုရား၏ နုတ်ကပတ်တော်သည် အဓိကနေရားယူသည်

က။ တစ်ဦးခြင်းအသတ်တာ၌

ခ။ အသင်းတော် ကြီးထွားခြင်း၌

၂။ ဘုရား၏ ဝိညာဉ်တော်

က။ ဟောပြောထာသော နုတ်ထွက်တော်ကို အတည်ပြုသည်

ခ။ တန်ခိုးရှိစေသည်

၃။ ကျွန်တော်တို့အတွက် စိန်ခေါ်မှု

က။ ဘုရား၏ နုတ်ကပတ်၌ တည်ကျည်စွာ ဆက်ကပ်ကြရန်

ခ။ ဘုရားနှုတ်ထွက်တော်၌ အသိပညာတွင် ပို၍ ကြီးထွားကြရန်။