Bethany Independent Presbyterian Church

Myanmar

“ပြင်ဆင်လျက် နေကြလော့” (မဿဲ ၂၄း၄၄)

“ပြင်ဆင်လျက် နေကြလော့” (မဿဲ ၂၄း၄၄)


နိဒါန်း

၁။ သူကြွလာမယ့်အကြောင်းနှင့် ပတ်သက်၍ တပည့်တော်များအတွက် သခင်၏စကားမှာ ပြင်ဆင်လျက်နေကြလော့ ဆိုသောစကားဖြစ်သည်။

၂။ အာရုံစိုက်စေချင်သောအရာမှာ နမိတ်လက္ခာများမဟုတ်ပါ၊ ကျမ်းစာကို ကြည့်နေဖု့ိသာ ဖြစ်သည်။

 

နေရက်ကာလ နှင့် အချိန်နာရီ

ထိုအချိန်နာရီကိုကား အဘယ်သူမျှ မသိ။ ကောင်းကင်တမန်မသိ။ ငါ့ခမည်းတော်တစ်ပါးတည်း သာ သိတော်မူ၏။ မဿဲ ၂၄း၃၆

၁။ သခင်ဘုရား၏ တိကျသော ကြွလာမယ့်နေ့ရက်

က) အဘယ်သူမျှမသိ၊

ခ) ကောင်းကင်တမန်တို့လည်း မသိ၊

ဂ) ခမည်းတော်တစ်ပါးတည်းသာ သိတော်မူသည်။

၂။ ဤအမှုသည် မည်သူကိုမဆို ပယ်ဖျက်သည်။

က) သခင်ပြန်ကြွလာမည့်နေ့ကို ခန့်မှန်းသောသူ၊

ခ) ဒုတိယအကြိမ်ကြွလာမယ့်နေ့ရက်ကို တွက်ချက်ရန် ကြိုးစားသောသူ၊

 

နောဧလက်ထက်၌ ဖြစ်သကဲ့သို့

၃၇ လူသားသည် ကြွလာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။

၃၈ ရေလွှမ်းမိုးခြင်းမဖြစ်မှီကာလ၌ နောဧသည် သဘောၤထဲသို့ ဝင်သောနေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက်နေ၍

၃၉ ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည်တိုင်အောင်

သတိမဲ့နေကြသည် နည်းတူ၊ လူသားကြွလာသောအခါ၌ ဖြစ်လိမ့်မည်။ မဿဲ ၂၄း၃၇-၃၉

၁။ နောဧ၏နေ့ရက်အချိန်အခါကို ဖော်ပြထားသည်။

က) စားသောက်ခြင်း၊

ခ) ထိမ်းမြားစုံဖက်ခြင်း

ဂ) ဒုတိယအကြိမ်ကြွလာခြင်းကို လူတို့သည် မယုံကြည်ကြ။

၂။ နောဧသည် သဘောၤထဲသို့ ဝင်သောနေ့တိုင်အောင်

က) သူတို့သည် ရေလွှမ်းမိုးမည့်အကြောင်း သတိပေးခြင်းကို အရေးမစိုက်ခဲ့ကြပေ။

ခ) ရေလွှမ်းမိုပြီး သူတု့ိုကိ သုတ်သင်ပယ်ရှင်းသည်တိုင်အောင်၊

ဂ) ထိုကြောင့် ဒုတိယအကြိမ်ကြွလာခြင်းကိုလည်း အများတို့သည် သတိပြုမည်မဟုတ်။

 

တစ်ယောက်ကို သိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတံ့

၄ဝ ထိုအခါ လယ်၌ရှိသောသူနှစ်ယောက်တို့တွင် တစ်ယောက်ကို သိမ်းယူ၍ တစ်ယောက်မူကား၊ နေရစ်ရလတံ့။

၄၁ ကြိတ်ဆုံကြိတ်သောသူ နှစ်ယောက်တို့တွင် တစ်ယောက်ကို သိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတံ့။ ရှင်မဿဲ ၂၄း၄ဝ-၄၁

ဤကျမ်းပုဒ်ကို တမန်တော်ရှင်ပေါလုရေးသားသော အခြားကျမ်းချက်၌ ကြည့်လျှင် ပိုနားလည်မည်။

၁၆ သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊

ကောင်းကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးရှင်ပြန်ထမြောက်ကြလိမ့်မည်။

၁၇ ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊

ထိုသူတို့နှင့်တကွ မိုးတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ် နေရကြလိမ့်မည်။

သို့ဖြစ်၍ ဤစကားများအားဖြင့် အချင်းချင်းတစ်ယောက်ကို တစ်ယောက် သက်သာစေကြလော့။ ၁ သက်သာလောနိတ်သြာဝါဒစာ ၄း၁၆-၁၈

၁။ သခင်ဘုရားကြွလာခြင်း

၂။ ယုံကြည်သူများအတွက် ချီဆောင်ခြင်း

၃။ ဆောင်ယူခြင်းခံရသောသူသည် ချီဆောင်ခြင်းရသည်။

 

ထိုကြောင့် စောင့်နေကြလော့

၄၂ သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ ရောက်လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။

၄၃ သူခိုးလာမည့်အချိန်နာရီကို အိမ်ရှင်သိရလျှင် မိမိအိမ်ကို ထွင်းမဖောက်စေခြင်းငှါ စောင့်နေ လိမ့်မည်ကို သင်တို့သိကြ၏။ ရှင်မဿဲ ၂၄း၄၂-၄၃

၁။ စောင့်နေကြရန် တိုက်တွန်းခြင်း

က) သခင်ဘုရားပြန်လည်ကြွလာမည့်အချိန်နာရီကို မသိသောကြောင့်၊

ခ) စိန်ခေါ်မှုသည် စောင့်နေကြရန် ဖြစ်သည်။

၂။ အိမ်ကို စောင့်ရှောက်ခြင်း

က) ဘယ်သူခိုးမှ သူလှုပ်ရှားမည့်အစီအစဉ်များကို မပြောပေ။

ခ) အိမ်ရှင်သည် အမြဲတမ်း သတိရှိနေရမည်ဖြစ်သည်။

ဂ) လုယက်ခြင်းမခံရဖို့ရန် ကြိုတင်ကာကွယ်ရမည်။

၃။ သူခိုးသည် ညည့်အခါလာသကဲ့သို့

၁ ညီအစ်ကိုတို့၊ ရာသီများနှင့် ကပ်ကာလအချိန်များကို သင်တို့အား ငါရေး၍ ပေးစရာမလို။

၂ အဘယ်ကြောင့်နည်းဟူမူကား၊ သူခိုးသည် ညဉ့်အခါလာသကဲ့သို့ သခင်ဘုရား၏နေ့ရက်သည် လာလိမ့်မည်ကို သင်တု့ိသေချာစွာသိကြ၏။

၃ ငြိမ်ဝပ်ခြင်းရှိ၏။ လေးအန္တာရာယ်နှင့် ကင်းလွတ်၏ဟု ဆိုစဉ်တွင် ကိုယ်ဝန်ဆောင်မိန်းမ၌ သားဖွားခြင်းဝေဒနာရောက်သကဲ့သို့

သူတို့အပေါ်၌ လျင်မြန်စွာသော ပျက်စီးခြင်းရောက်၍ လွတ်ခြင်းအခွင့်မရှိရကြ။ ၁ သက်သာလောနိတ်သြဝဒါစာ ၅း၁-၃

က) ရာသီများနှင့် ကပ်ကာလာအချိန်များ

ခ) သခင်ဘုရား၏နေ့ရက်သည် ညဉ့်အခါလာတတ်သော သူခိုးကဲ့သို့ဖြစ်သည်။

ဂ) လျင်မြန်စွာသော ပျက်စီးခြင်း

 

ပြင်ဆင်လျက်နေကြလော့

၄၄ ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊

သင်တို့မထင်မှတ် သောအချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။ ရှင်မဿဲ ၂၄း၄၄

၁ တစ်ဖန်တုံယေရှုက၊ သင်တို့စိတ်နှလုံး ပူပန်ခြင်းမရှိစေနှင့်။ ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။

၂ ငါ့အဘ၏ အိမ်တော်၌ နေစရာအခန်းအများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို

သင်တို့အား ငါမပြောဘဲမနေ။ သင်တု့ိနေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။

၃ ငါသည်သွား၍ သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တစ်ဖန်ပြန်လာ၍ ငါရှိရာအရပ်၌ သင်တို့ ရှိစေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။

၄ ငါသည် အဘယ်အရပ်သို့ သွားသည်ကို၎င်း၊ လမ်းခရီးကို၎င်း၊ သင်တို့သိကြ၏ဟု မိန့်တော်မူ၏။ ရှင်ယောဟန် ၁၄း၁-၄

၁။ အဆင်သင့်စောင့်နေကြလော့နှင့် ပြင်ဆင်လျက်နေကြလော့ ဟူသော စကားသည် အတူတူပင်ဖြစ်သည်။

၂။ ပြင်ဆင်လျက်နေကြလော့ ဟူသည်မှာ စိန်ခေါ်ချက်ဖြစ်ပါသည်။

 

နိဂုံး

၁။ ဒုတိယအကြိမ်ပြန်လည်ကြွလာခြင်းသည် အဖြစ်အပျက်တစ်ခုဖြစ်သည်။

က) ကျွန်တော်တို့သည် စောင့်ကြည့်နေရမည်ဖြစ်သည်။

ခ) အချိန်တိုင်းမှာ ပြင်ဆင်လျက် နေရကြမည် (အဆင်သင့်)

၂။ လောက၌ ခက်ခဲသောအခြေအနေများ

က) ထိုအခက်ခဲတို့သည် ကျွန်တော်တို့အတွက် ကြောက်စရာမဖြစ်သင့်ပေ။

ခ) သခင်ပြန်ကြွလာမည့်နေ့အဖို့ အသင့်ပြင်ဆင်မှုရှိရန် ကျွန်ပ်တု့ိအတွက် လှုံ့ဆော်မှုဖြစ်သင့်သည်။