Bethany Independent Presbyterian Church

Myanmar

ပဌနာပြု၍ ဘုရားသခင်ကို ချီးမွမ်းလျက်သီခြင်း ဆိုလေ၏။ တမန် ၁၆း ၂၅

ပဌနာပြု၍ ဘုရားသခင်ကို ချီးမွမ်းလျက်သီခြင်း ဆိုလေ၏။ တမန် ၁၆း ၂၅


နိဒါန်း

၁။ သာသနာပြုခြင်း အမှုတော်

က) ရှင်ပေါလုနှင့် ဗာနဗ

ခ) ရှင်ပေါလုနှင့် သီလ

ဂ) ရှင်ပေါလုတစ်ယောက်တည်း (သို့) တခြားသာသနာပြုအဖွဲ့များနှင့်

၂။ သာသနာပြုခြင်း၏ စိန်ခေါ်မှုများ

က) ဆန့်ကျင်မှု

ခ) ညှင်းပန်းနှိပ်စက်ခြင်း

ဂ) အခက်အခဲ၊ပြသနာမျုးိစုံကြုံတွေ့ခဲ့သည် ၂ ကော ၁၁

 

မာကေဒေါနိပြည်က ခေါ်သံ

၉ ညဉ့်အခါပေါလုသည် ဗျာဒိတ်ရူပါရုံကိုမြင်ရ၍၊ မာကေဒေါနိ လူတယောက်က၊ မာကေဒေါနိပြည်သို့ ကူးပါ။ ငါတို့ကိုမစပါဟုရပ်လျက် တောင်းပန်၏။

၁၀ ထိုဗျာဒိတ်ရူပါရုံကို မြင်ရလျှင်၊ မာကေဒေါနိ ပြည်၌ ဧဝံဂေလိတရားကို ဟောစေခြင်းငှါ သခင်ဘုရားသည်

ငါတို့ကိုခေါ တော်မူသည်ဟု ငါတို့သဘောကျသဖြင့်၊ ထိုပြည်သို့သွားခြင်းငှာ ချက်ခြင်း ရှာကြံကြ၏။ တမန် ၁၆း ၉-၁၀

၁။ မာကေဒေါနိပြည်သား၏ ခေါ်ခြင်းကို ပေါလုသည် ရူပါရုံကို မြင်ရ၏ တမန် ၁၆း ၈

၂။ ဘုရားသခင်၏ ဦးဆောင်လမ်းပြခြင်းကို ရှာတွေ့သည် တမန် ၁၆း ၁၀

 

မာကေဒေါနိပြည်က အဓိကကျသော ဖိလိပ္ပိမြို့အမှုတော်
၁။ မြစ်နား၌ဆောင်ရွက်သော အမှုတော တမန် ၁၆း ၁၃
၂။ အမျိုးသမီးထုအား ချည်းကပ်သောအမှုတော တမန် ၁၆း ၁၃
၃။ လုဒိ၏ အသက်တာပြောင်းလဲခြင်း တမန် ၁၆း ၁၄-၁၅
က) သူမသည် ဗတ္တီဇံကို ခံယူသည်။
ခ) သူမသည် ပေါလုနှင့်အဖွဲ့သားများကို အိမ်တွင်တည်းရန် ဖိတ်ခေါ်ခဲ့သည်။
ဂ) ဤအမှုသည် ကောင်းသောအစပြုခြင်းဖြစ်သည်။

စာတန်မာန်နတ်၏ တိုက်လှန်ခြင်း
၁။ နတ်ဆိုးဆွဲသော ကျွန်မလေးသည် ပေါလုတို့အဖွဲ့နောက်သို့ လိုက်သည်။
၂။ သူမသည် ပေါလုတို့အား အစဉ်နှောင့်ယှက်သည်။
၃။ သူမထံမှ နတ်ဆိုးနှင်ထုတ်လိုက်သည် တမန် ၁၆း ၁၆-၁၈

ပေါလုနှင့် သီလတို့အား ညှင်းပန်းနှိပ်စက်ခြင်း
၁၉ သူ၏သခင်တို့သည် နောက်တဖန် စီးပွားဖြစ်လိမ့်မည်ဟု မြော်လင့်စရာအကြောင်းမရှိသည်ကို သိ
မြင်လျှင်၊ ပေါလုနှင့် သိလတို့ကို ဘမ်းဆီးဆွဲငင်၍ ရုံးတော်သို့ပို့ကြ၏။
၂၀ စစ်ကဲမင်းထံသို့ရောက်သောအခါ ဤသူတို့သည် ယုဒလူဖြစ်လျက် ငါတို့မြို့ကို နှောင့်ရှက်တတ်
ပါ၏။
၂၁ ရောမလူဖြစ်သောငါတို့သည် မခံမယူ မကျင့်အပ်သော ဘာသာထုံးတမ်းများကိုဟောပြောသွန်သင်
တတ်ပါ၏ ဟုလျှောက်ဆိုကြလျှင်၊
၂၂ စုဝေးသောလူတို့သည် သူတို့တဘက်၌ တပြိုင်နက်ထကြ၏။ စစ်ကဲမင်းတို့လည်း သူတို့၏ အဝတ်
ကို ချွတ်၍ကြိမ်လုံးနှင့်ရိုက်စေခြင်းငှါ စီရင်ကြ၏။
၂၃ ရိုက်၍ဒဏ်ချက်များရှိပြီးမှ၊ လုံခြုံစွာစောင့်စေဟု ထောင်မှူးကိုမှာလိုက်၍ ထောင်ထဲမှာ လှောင်
ထားကြ၏။
၂၄ ထိုသို့မှာလိုက်သည်အတိုင်း ထောင်မှူးသည် အတွင်း ထောင်ထဲမှာ လှောင်၍ထိတ်ခတ်လျက်
ထား၏။ တမန် ၁၆း ၁၉-၂၄
၁။ ပေါလုနှင့် သီလတို့ကို မှားယွင်းစွာ စွပ်စွဲကြသည်။
၂။ စစ်ကဲမင်းတို့ကလည်း ကြိမ်လုံးနှင့် ရိုက်စေကြ၏။
၃။ သူတို့ကို ထောင်ထဲတွင် လုံခြုံစွာ လှောင်ထားကြ၏။

အံ့သြစရာကောင်းသော ပေါလုနှင့် သီလတို့၏ တုန့်ပြန်မှု
၂၅ သန်းခေါင်အချိန်၌ ပေါလုနှင့်သိလတို့သည် ပဌနာပြု၍ ဘုရားသခင်ကို ချီးမွမ်းလျက်သီချင်း ဆို
လေ၏။ ထောင်ထဲမှာ နှောင်ဖွဲ့ခြင်း ကိုခံရသော သူတို့သည် နားထောင်ကြ၏။
၂၆ ထိုခဏခြင်းတွင် မြေကြီးသည်ပြင်းစွာ လှုပ်သောကြောင့် ထောင်ခြေရင်းလည်းလှုပ်ရှား၏။ တံခါးရှိ
သမျှတို့သည် ချက်ခြင်းပွင့်၍ လူအပေါင်းတို့သည် နှောင်ဖွဲ့ခြင်းနှင့်လွတ်ကြ၏။ တမန် ၁၆း ၂၅-၂၆
၁။ သူတို့သည် ဘုရားသင်ကို ချီးမွမ်းလျက် သီချင်းဆိုကြ၏။
၂။ တခြားထောင်သားတို့သည် သူတို့၏ ချီးမွမ်းခြင်းကို နားထောင်ကြသည်။

ဘုရားသခင်၏ ကယ်တင်ခြင်း
၁။ ဘုရားသခင်၏ အံ့ဖွယ်ကယ်တင်ခြင်းကို ခံခဲ့ကြသည်။
က) အထူးသတ်မှတ်နေရာတွင် မြေငလျင်လှုပ်ခဲ့သည်။
ခ) အကျည်းထောင်အုတ်မြစ်များ တုန်လှုပ်ကုန်သည်။
ဂ) ထောင်တခါးများအားလုံး ပွင့်ကုန်သည်။
ယ) ထောင်သားများ၏ လက်ထိပ်တို့သည်လည်း ပွင့်ကုန်သည်။
၂။ လုံးဝသံသယမရှိစရာ
က) ဘုရားသခင်၏ လက်တော်သည် ပေါလုနှင့် သီလတို့အပေါ် သက်ရောက်သည်။
ခ) ဘုရားသခင်၏ တန်ခိုးတော်သည် ထင်ရှားစွာ မြင်တွေ့ရသည်။

ဖိလိပ္ပိမြို့သား ထောင်မှူး၏ ကယ်တင်ခြင်းအမှု
၁။ ထောင်တံခါးများပွင့်နေသည်ကို မြင်သောအခါ မိမိကိုယ်မိမိ သတ်သေလုနီးပါးဖြစ်ခဲ့သည်။
၂။ ပေါလုသည် မိမိကိုယ်မိမိ မထိခိုက်ရန် တားခဲ့သည်။
၃။ ထောင်မှူးသည် ဘုရားသခင်ရှာတွေ့ပြီး ကယ်တင်ခြင်းကို ရခဲ့သည်။
၄။ သူသည် သခင်ယေရှုကို ယုံကြည်လက်ခံလာသည်။
၅။ သူ၏ တစ်မိသားစုလုံးသည် ဗတ္တီဇံခံယူကြသည်။

ဖိလိပ္ပိအသင်းတော်၏ ရှင်သန်ကြီးထွားခြင်း
၁။ ဖိလိပ္ပိအသင်းတော် အလွန်မြတ်နိုးစရာ အသင်းတော်ဖြစ်လာသည်။
၂။ အသင်းတော်သည် ပေါလုနှင့် သူ၏အမှုတော်ကို ထောက်ပံ့ပေးသည်။
၃။ ဘုရားသခင်၏ လက်တော်သည် ပေါလုနှင့် သူ၏အမှုတော်ကောင်းချီးပေးခြင်း၌ ထင်ရှားသည်။

နိဂုံး
၁။ ဖိလိပ္ပိအသင်းတော်အတွက် ရှင်ပေါလု၏ ဆုတောင်းချက်
၉ ငါသည်အဘယ်သို့ ဆုတောင်းသနည်းဟူမူကား၊ သင်တို့သည် ခြားနားသောအရာတို့ကို ပိုင်းခြား
စေခြင်းငှါ ဉာဏ်ပညာအမျိုးမျိုးရှိလျက်၊
၁၀ မေတ္တာပါရမီတိုးပွား၍ ပြည့်စုံမည်အကြောင်းကို၎င်း၊
၁၁ ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ထင်ရှားစေတတ်သော ဖြောင့်မတ်ခြင်း
အကျင့်နှင့် သင်တို့သည် ပြည့်စုံ၍ ခရစ်တော်၏ နေ့ရက်တိုင်အောင် စိတ်ကြည်ဖြူလျက်၊ တိမ်းလဲ
ခြင်းအမှုနှင့် ကင်းလွတ်လျက်ရှိမည်အကြောင်းကို၎င်း၊ ငါဆုတောင်း ပဌနာပြု၏။ ဖိလိပ္ပိ ၁း ၉-၁၁
က) မေတ္တာပါရမီတိုးပွား၍ ပြည့်စုံမည်အကြောင်း
ခ) ခြားနားသောအရာတို့ကို ပိုင်းခြားစေခြင်းငှါ ဉာဏ်ပညာအမျိုးမျိုးရှိလျက်
ဂ) ခရစ်တော်၏ နေ့ရက်တိုင်အောင် စိတ်ကြည်ဖြူလျက်၊ တိမ်းလဲ ခြင်းအမှုနှင့် ကင်းလွတ်လျက် ရှိမည်အကြောင်း
ယ) ဖြောင့်မတ်ခြင်း အကျင့်နှင့် သင်တို့သည် ပြည့်စုံ၍
၂။ သာသနာလုပ်ငန်းတွင် ဘုရားသခင်၏ လက်တော်
က) ဘုရားသခင်၏ လက်တော်နှင့် ကောင်းချီးလိုအပ်သည်။
ခ) ဘယ်အရာကိုမျှ တန်ဖိုးမထားပဲ မနေသင့်ပေ။