Bethany Independent Presbyterian Church

Myanmar

နင်းနယ်လျက်ရှိသော ကျူပင်ကို မချိုး ဟေရှာယ ၄၂း ၃

နင်းနယ်လျက်ရှိသော ကျူပင်ကို မချိုး ဟေရှာယ ၄၂း ၃

နိဒါန်း

၁။ အစေခံကျွန် မေရှေယ၏ အမှုတော်

က) လန်းဆန်းစေသော လေ့လာခြင်းဖြစ်သည်။

ခ) ပြန်လည်သုံးသပ်ခြင်းလိုအပ်သည်။

ဂ) စိတ်ဝိညာဉ်ကို နိုးထစေသည်။

၂။ မေရှေယ၏ ထူးခြားချက်သည် သူ၏အသက်တာဖြစ်သည်

က) သူ၏ အကျင့်စာရိတ္တ

ခ) သူ၏ တည်ကြည်ခြင်း

 

လူ့ဖြစ်တည်ခြင်း၏ ချို့ယွင်းချက်များ

၁၇ ထိုကြောင့် ကြွင်းသောတပါးအမျိုးသားတို့သည် လျှပ်ပေါ်သောစိတ်နှင့်ကျင့်သည်နည်းတူ၊

သင်တို့သည် နောက်တဖန်မကျင့်မည်အကြောင်း သခင်ဘုရားအခွင့်နှင့် ငါမှာလိုက်၏။

၁၈ ထိုသူတို့သည် ဉာဏ်အလင်းကွယ်သည်ဖြစ်၍၊ စိတ်နှလုံး မိုက်မဲသောအားဖြင့် အလျှင်း

မသိ သောကြောင့်၊ ဘုရားသခင်၏အသက်နှင့် ကွာရှင်းလျက်ရှိကြ၏။

၁၉ ထိုသူတို့သည် ရှက်ကြောင့်ခြင်းမရှိ၊ တပ်မက်ခြင်း အလွန်ပြင်းသည်နှင့် ညစ်ညူးသော

အကျင့်အမျိုးမျိုးကို ကြိုးစား၍ ကျင့်လိုသောငှါ၊ မိမိတို့ကို ကိလေသာလက်သို့ အပ်လိုက်ကြ၏။ ဧဖက် ၄း ၁၇-၁၉

၁။ စိတ်၏ ဆိုးညစ်မှု

၂။ နားလည်နိုင်စွမ်း မှေးမှိန်ခြင်း

၃။ ဘုရားနှင့် ကင်းကွာခြင်း

၄။ လစ်လှူရှုခြင်း

၅။ စိတ်နှလုံး ပျက်စီးခြင်း

၆။ အရင်က ခံစားချက်များ

၇။ မသန့်ရှင်းသောအမှု၌ ကျင်လည်ရန်အပ်နှံခြင်း

 

ဆန့်ကျင်ဖက်ဖြစ်သော မေရှေယအစေခံကျွန်၏ အကျင့်စာရိတ္တများ

၂ အော်ဟစ်ခြင်း၊ ကြွေးကြော်ခြင်းကို မပြုမူ၍၊ လမ်းခရီး၌သူ၏အသံကို အဘယ်သူမျှမကြားစေရ။

၃ နင်းနယ်လျက်ရှိသော ကျူပင်ကိုမချိုး။ အတောက်သေးသော မီးစာကို မသတ်။

တရားသည်မြဲမြံ ခြင်းသို့ ရောက်မည်အကြောင်း စီရင်လိမ့်မည်။ ဟေရှာယ ၄၂း ၂-၃

၁။ မေရှေယသည် အော်ဟစ်ကြွေးကြော်သံကို ပြုမည်မဟုတ်ပေ။

၂။ စိတ်ဆိုးဒေါသနှင့် အော်ဟစ်ခြင်းပြုမည်မဟုတ်ပေ။

၃။ ကြယ်သောအသံလွှတ်မည်မဟုတ်ပေ။

၄။ နင်းနယ်လျက်ရှိသော ကျူပင်ကိုမချိုး။

၅။ အတောက်သေးသော မီးစာကို မသတ်။

၆။ တရားသည် မြဲမြံ ခြင်းသို့ ရောက်မည်အကြောင်း စီရင်လိမ့်မည်။

 

ခန္ဓာ နှင့် ဝိညာဉ်ကြား ရုန်းကန်မှု

၁၆ ငါပညတ်သည်ကား၊ ဝိညာဉ်ပကတိအတိုင်း ကျင့်ကြလော့။ ထိုသို့ကျင့်လျှင် ဇာတိပကတိ၏အလိုသို့ မလိုက်ဘဲနေကြလိမ့်မည်။

၁၇ အကြောင်းမူကား၊ ဇာတိပကတိနှင့် ဝိညာဉ် ပကတိသည် တပါးနှင့်တပါးဆန့်ကျင်သောအလိုရှိကြ၏။

တပါးနှင့်တပါး ဆန့်ကျင်ဘက်ဖြစ်၍၊ သင်တို့သည် ကျင့်ချင်သော အကျင့်ကိုမကျင့်နိုင်ကြ။

၁၈ သို့သော် ဝိညာဉ်ပကတိအလိုသို့ လိုက်လျှင် ပညတ်တရားနှင့် လွတ်ကြ၏။

၁၉ ဇာတိပကတိအကျင့်တို့သည်ထင်ရှားကြ၏။ ထိုအကျင့်တို့ မူကား၊ သူ့မယားကိုပြစ်မှားခြင်း၊

မတရား သောမေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာ လွန်ကျူးခြင်း၊

၂၀ ရုပ်တုကိုကိုးကွယ်ခြင်း၊ သူတပါးကိုပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊

အမျက်ထွက်ခြင်း၊ ငြင်းခုန်ခြင်း၊ အချင်းချင်း ကွဲပြားခြင်း၊ သင်းခွဲခြင်း၊

၂၁ သူ့အကျိုးကိုငြူစူခြင်း၊ လူအသက်ကိုသတ်ခြင်း၊ ယစ်မျိုးကို သောက်ကြူးခြင်း၊ ပွဲလုပ်ခြင်းမှစ၍ ထိုသို့သော အကျင့်ပေတည်း။

ထိုသို့သော အကျင့်ကို ကျင့်သောသူတို့သည် ဘုရား သခင်၏နိုင်ငံတော်ကို အမွေ မခံကြရဟု

အထက်ကငါပြောနှင့်ခဲ့ပြီးသည်အတိုင်း ယခုပင်လည်း ငါပြောနှင့်၏။ ဧဖက် ၅း ၁၆-၂၁

၁။ ဇာတိနှင့် ဝိညာဉ်ပကတိကြား တိုက်လှန်ခြင်း

၂။ ဇာတိပကတိအသီးသည် ထင်ရှားပြီး ကျွနိုပ်တို့ကို အဟန့်အတားဖြစ်စေသည်။

၃။ ဇာတိပကတိအသီးကို ကြီးမားစွာ တိုက်လှန်ရမည်။

 

ဝိညာဉ်ပကတိ၏ အသီး

၂၂ ဝိညာဉ်ပကတိ၏အကျိုးမူကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊

၂၃ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း။ ထိုသို့သောအကျင့်ကို အဘယ်တရားမျှမမြစ်တား။

၂၄ ခရစ်တော်နှင့်စပ်ဆိုင်သောသူတို့သည် ဇာတိပကတိကို၎င်း၊

ဇာတိပကတိစိတ်များနှင့် အလိုဆန္ဒများ ကို၎င်း၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြပြီ။

၂၅ သို့ဖြစ်၍ ငါတို့သည်ဝိညာဉ်ပကတိကြောင့် အသက်ရှင်လျှင်၊ ဝိညာဉ်ပကတိအတိုင်းကျင့်ကြကုန်အံ့။

၂၆ အချည်းနှီးသော ကျော်စောကိတ္တိကို တပ်မက်ခြင်း၊ အချင်းချင်းချုပ်ချယ်နှောင့်ရှက်ခြင်း၊

အချင်းချင်း ငြူစူခြင်းတို့ကို ရှောင်၍နေကြကုန်အံ့။ ဧဖက် ၅း ၂၂-၂၆

၁။ စိန်ခေါ်မှုသည် ဝိညာဉ်ပကတိအသီးကို အသက်တာမှာသီးနေရန်ဖြစ်သည်။

၂။ ဇာတိပကတိကို အနိုင်ယူရမည်ဖြစ်သည်။

၃။ ခရစ်ယာန်အသက်၏ အောင်နိုင်ခြင်းသည် ဝိညာဉ်ပကတိအတိုင်း အသက်ရှင်ခြင်းဖြစ်သည်။

၄။ ဘယ်အရာက ကျွနိုပ်တို့ကို အောင်မြင်စေလဲ

က) ဆက်ကပ်ခြင်း

ခ) တည်ကြည်ခြင်း

 

နိဂုံး

၁။ သခင်ယေရှု၏ ပုံဥပမာ

က) ကျွနိုပ်တို့အတွက် လမ်းညွှန်ချက်ဖြစ်သည်။

ခ) ကျွနိုပ်တို့အတွက် စိတ်ခွန်အားဖြစ်သည်။

၂။ ကျွနိုပ်တို့ရယူရမည့် အားပေးတိုက်တွန်းမှုများ

က) သခင်ပေးသော ဂတိတော်များ

ခ) ဘုရားသခင်၏ တန်ခိုးတော်၌

ဂ) ဘုရားသခင်နှင့်အတူ လျှောက်လှမ်းနိုင်ရန် သူ၌ဖြစ်လာရမည့်လူဖြစ်ရမည်။