ထိုသူ၏အပေါ်၌ ငါ့ဝိညာဉ်ကို ငါတည်စေမည်။ ဟေရှာယ ၄၂း ၁
နိဒါန်း
၁။ လူတစ်ယောက်သည် ဘယ်အရာက ဘုရားသခင်၏ကျွန်ဖြစ်ခြင်းမှ ကျရံှုးစေသနည်း။
၂။ ဣသရေလလူမျိုးတို့သည် ဘယ်အရာက ဘုရားသခင်၏ကျွန်ဖြစ်ခြင်းမှ ကျရံှုးစေသနည်း။
က။ နာမခံခြင်း
ခ။ ခေါင်းမာခြင်း
ဂ။ ရုပ်တုကိုးကွယ်ခြင်း
၃။ လူတစ်ယောက်သည် ဘယ်အရာက ဘုရားသခင်၏ကျွန်ဖြစ်ခြင်းကို အောင်မြင်စေသနည်း။
က။ သစ္စာစောင့်ခြင်း
ခ။ နာခံခြင်း
ဂ။ ဘုရားသခင်၏ဝိညာဉ်တော်နှင့်ပြည့်ခြင်း
သန့်ရှင်းသော ဝိညာဉ်တော်၏ အရေးပါသော အမှုတော်
၁။ ဓမ္မဟောင်း၌
က။ ဘိသိက်ပေးခြင်းကဲ့သို့ ပေးခြင်းခံရသည်။
ခ။ တစ်ဦးချင်းဆိုင်ရာခေါ်ခြင်းအရာ၌ အတည်ပေးသည်။
၁။ ရှင်ဘုရင်အဖြစ်
၂။ ပရောဖက်အဖြစ်
၃။ ဘုရားသခင်၏ကျွန်အဖြစ်
ဂ။ ဝိညာဉ်တော်နှင့်ပြည့်သော ဘုရားသခင်၏ကျွန်အများအပြားရှိပါသည်။
၁။ ဧလိယ
၂။ ဧလိရှဲ
၃။ ယေဇကျေလ
၂။ ဓမ္မသစ်၌
က။ သခင်ယေရှုခရစ်၏ တပည့်တမန်တော်များ တ ၂
ခ။ ဘုရားသခင်၏ ဝိညာဉ်တော်သည်-
၁။ တမန်တော်များကို တန်ခိုး (ခွန်အား) ပေးသည်။
၂။ ဘုရားသခင်၏ကျွန်များကို ဦးဆောင်လမ်းပြသည်။
၃။ သူတို့၏် အသက်တာနှင့်အမှုတော်တို့ကို အံ့သြဖွယ်ကောင်းစွာ ပြုပြင်ပြောင်းလဲပေးသည်။
မေရှိယအား ဘိသိက်ပေးခြင်း
၁။ ယေရှဲအမျိုးအငုတ်၌ အတက်ပေါက်လိမ့်မည်။ သူ၏အမြစ်တို့တွင်အညွန့်သည် အသီးသီးလိမ့်နည်။
၂။ ထာဝရဘုရား၏ဝိညာဉ်တော်တည်းဟူသော ပညာနှင့်ဉာဏ်ကိုပေးသောဝိညာဉ်၊ ကြံစည်တတ်စွမ်းနိုင်သော သတ္တိကိုပေးသော ဝိညာဉ်၊
ထာဝရဘုရားကိုသိ၍ ကြောက်ရွံ့ကြည်ညိုခြင်းကိုပေးသောဝိညာဉ်တော်သည် ထိုသူအပေါ်မှာ ကိန်းဝပ်တော်မူလိမ့်မည်။
၃။ ထိုသူသည် ထာဝရဘုရားကို ကြောက်ရွံ့ခြင်း၌ မွေ့လျော်သည်ဖြစ်၍ မိမိမျက်စိမြင်သည်အတိုင်း
တရားမစီရင်၊ မိမိနားကြားသည်အတိုင်းမဆုံးဖြတ်ဘဲ၊ ဟေရှာယ ၁၁း ၁-၃
၁။ ယေရှဲသည် ဒါဝိဒ်၏ဖခင်ဖြစ်သည်။
က။ သူသည် မထင်ရှားသောသူဖြစ်သည်။
ခ။ သူသည် ထူးချွန်သောသူအဖြစ် သိခြင်းခံသောသူမဟုတ်။
၂။ မေရှိယသည် ဧကန် မွေးဖွားလာလိမ့်မည်။
က။ ယေရှဲအမျိုးအငုတ်အဖြစ်၊
ခ။ သူတို့အမြစ်တို့တွင်အညွန့်အဖြစ်၊
မေရှိယသည် ဝိညာဉ်တော်ကိုပေးခြင်းကို အပြည့်အဝခံရလိမ့်မည်။
၁။ သူသည် ဘုရားသခင်၏ဝိညာဉ်တော်ပေးခြင်းကိုခံရလိမ့်မည်။
၂။ (၇) မျိုးသော အသွင်ပြင်လက္ခဏာများ ဖော်ပြထားပါသည်။
က။ သူသည် ဘုရားသခင်ကို ဘုန်းတန်ခိုးကြီးစွာ ရောင်ပြန်ဟပ်လိမ့်မည်။
ခ။ သူသည် ကြီးမားသောပညာကို ပြသလိမ့်မည်။
ဂ။ သူသည် အလွန်ထူးမြတ်သော ဉာဏ်စွမ်းလည်းရှိလိမ့်မည်။
ဃ။ ကြံစည်တတ်စွမ်းခြင်းကိုလည်းပေးခြင်းခံရလိမ့်မည်။
င။ သူသည် အစွမ်းသတ္တိနုပပြည့်စုံလိမ့်မည်။
စ။ သူသည် အလွန်နက်နဲသော ဉာဏ်ပညာပေးခြင်းကိုခံရလိမ့်မည်။
ဆ။ သူသည် ဘုရားသခင်ကို မှန်ကန်သော ကြောက်ရွံ့ခြင်း (ကြည်ညိုခြင်း) ကို အစဉ်အမြဲရှိလိမ့်မည်။
မေရှိယအပေါ်၌ ဘုရားသခင်၏ဝိညာဉ်တော်၏ အလုပ်ကို ခရစ်ဝင်ကျမ်းများက မှတ်သားကြသည်။
၁။ လူထုကြားအမှုတော်စတင်ခြင်းအမှု၌
၂၁။ လူအပေါင်းတို့သည် ဗတ္တိဇံကိုခံကြသောအခါ ယေရှုသည်လည်း ဗတ္တိဇံကိုခံတော်မူ၍ ဆုတောင်းစဉ်တွင် ကောင်းကင်ဖွင့်လှစ်သဖြင့်၊
၂၂။ သန့်ရှင်းသောဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ကိုယ်ထင်ရှားလျက် ကိုယ်တော်အပေါ်၌ ဆင်းသက်တော်မူ၍၊
သင်ကား၊ ငါနှစ်သက်မြတ်နှိုးရာ၊ ငါချစ်သာဒပေတည်းဟု ကောင်းကင်ကအသံတော်ဖြစ်လေ၏။ ရှင်လုကာ ၃း ၂၁-၂၂
က။ ဘုရားသခင်၏ဝိညာဉ်တော်သည် သခင်ယေရှုအပေါ်၌ ဆင်းသက်သည်။
ခ။ သခင်ယေရှုသည် ငါချစ်သားဟု ဘုရားသခင်အတည်ပြခဲ့သည်။
ဂ။ သခင်ယေရှုသည် ဘုရားသခင်၏ နှစ်သက်မြတ်နှိုးရာဖြစ်သည်။
၂။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဆက်လက်လုပ်ဆောင်သော အမှုတော်
၁။ ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်ပြည့်စုံလျက် ယောဒန်မြစ်နားမှပြန်စဉ်တွင် ဝိညာဉ်တော်သည် တောသို့ပို့ဆောင်တော်မူ၏။
၂။ ရက်လေးဆယ်ပတ်လုံး မာရ်နတ်၏စုံစမ်းသွေးဆောင်ခြင်းကိုခံတော်မူ၏။
ထိုကာလပတ်လုံး အစာအာဟာရကို သုံးဆောင်တော်မမူ။ ထိုကာလလွန်ပြီးမှ မွတ်သိပ်တော်မူ၏။ ရှင်လုကာ ၄း ၁-၂
က။ သခင်ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်စုံ၏။
ခ။ ဘုရားသခင်၏ဝိညာဉ်တော်သည် သခင်ယေရှုအား တောသို့ပို့ဆောင်တော်မူ၏။
ဂ။ သူသည် မာရ်နတ်၏စုံစမ်းသွေးဆောင်ခြင်းကိုခံတော်မူ၏။
၃။ သခင်ယေရှု၏ တန်ခိုးရှိသော အမှုတော်
၁၄။ ယေရှုသည် ဝိညာဉ်တော်တန်ခိုးနှင့် ဂါလိလဲပြည်သို့ပြန်၍ သတင်းတော်သည်
ပတ်ဝန်းကျင်အရပ်တို့၌ အနှံ့အပြားကျော်စောလေ၏။ တရားဇရပ်တို့၌ ဆုံးမသြဝါဒပေးတော်မူ၍၊
၁၅။ လူအပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းကြ၏။ ရှင်လုကာ ၄း ၁၄-၁၅
က။ သူ၏ တန်ခိုးကြီးသောအမှုတော်သည် လူအပေါင်းတို့သည် သိမှတ်ကြ၏။
ခ။ ဝိညာဉ်တော်၏အမှုတော်သည် အလွန်တရာ အရေးကြီးပါသည်။
နိဂုံး
၁။ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုတော်ကို နားလည်ရန်လိုအပ်ပါသည်။
၂။ ဘုရားသခင်၏ဝိညာဉ်တော်နှင့်ပြည့်ဝခြင်းကို ရှာဖွေရန်လိုအပ်ပါသည်။
၃။ သန့်ရှင်းသောဝိညာဉ်တော်၏ဦးဆောင်ခြင်၌ ကိုယ့်ကိုကို အညံ့ခံကြပါစို့။