Bethany Independent Presbyterian Church

Myanmar

ငါ့ကြောင့်စိတ်မပျက်သောသူသည် မင်္ဂလာရှိ၏။ ရှင်မသဲ ၁၁း၆

ငါ့ကြောင့်စိတ်မပျက်သောသူသည် မင်္ဂလာရှိ၏။ ရှင်မသဲ ၁၁း၆


နိဒါန်း

၁။ ဗတ္တိဇံဆရာယောဟန်၏ အမှုတော်

က။ သူသည် တိုတောင်းသောအမှုတော်ရှိခဲ့သည်။

ခ။ သူ၏အမှုတော်သည် မေရှိယအဖို့ ရှေ့ပြေးဖြစ်သည်။

ဂ။ သူသည် သခင်ယေရှုသည် ဘုရားသခင်၏သိုးသူငယ်တော်ဟု သက်သေခံပြီးနောက် သူ၏အမှုတော် ပြီးဆုံးသွားပါသည်။

၂။ ထောင်ထဲ၌ ညိုးနွမ်းလျက်ရှိခြင်း

က။ ဟေရုဒ်မင်းကြီးသည် ယောဟန်ကို ဖမ်းဆီး၍ ထောင်ချလေ၏။

ခ။ သူ၏ လူထုရှင်ကြားအမှုတော်သည် အဆုံးခန်းသို့ရောက်ရှိလျက်ရှိ၏။

ဂ။ သခင်ယေရှု၌ သူ၏ယုံကြည်သည် ယိမ်းယိုင်ခြင်းအစပြုလာပါ၏။

 

သခင်ယေရှုအပေါ်သံသယများ ထွက်ပေါ်လာသည်

၁။ ထိုသို့တစ်ကျိပ်နှစ်ပါးသောတပည့်တော်တို့ကို အကုန်အစင်မှာထားတော်မူပြီးလျှင်၊

မြို့ရွာများတို့၌ ဆုံးမသြဝါဒပေးခြင်းဌါ၎င်း၊ သတင်းကြားပြောခြင်းဌါ၎င်း၊ ထိုအရပ်မှကြွတော်မူ၏။

၂။ ခရစ်တော်ပြုတော်မူသော အမှုတို့ကို ယောဟန်သည်ထောင်ထဲမှာကြားသောအခါ

မိမိတပည့်နှစ်ယောက်ကို စေလွှတ်၍ ကိုယ်တော်သည်ကြွလာသောသူမှန်သလော။

၃။ သို့မဟုတ် အခြားသောသူကို မျှော်လင့်ရပါမည်လောဟု မေးလျှောက်စေ၏။ ရှင်မသဲ ၁၁း ၁-၃

၁။ ယောဟန်သည် သူ၏တပည့်နှစ်ယောက်တို့ကို သခင်ယေရှုထံစေလွှတ်လေ၏။

၂။ သူ၌ မေးခွန်းရှိ၏။ “ကိုယ်တော်သည်ကြွလာသောသူမှန်သလော။ သို့မဟုတ် အခြားသောသူကို မျှော်လင့်ရပမည်လော။” ရှင်မသဲ ၁၁း ၃

၃။ ယောဟန်သည် သခင်ယေရှုသည် ကြွလာသောသူအမှန်ဖြစ်သည်ကို သံသယရှိခြင်းအစပြုလာပါသည်။

 

သခင်ယေရှုခရစ်၏ တုန့်ပြန်ချက်

၄။ ယေရှုကလည်း၊ သင်တို့သည် ကြားရသမျှ မြင်ရသမျှတို့ကိုသွား၍ ယောဟန်အားကြားလျှောက်ကြလော့။

၅။ မျက်စိကန်းသောသူတို့သည် မျက်စိမြင်ရကြ၏။ ခြေမစွမ်းသောသူတို့သည် လှမ်းသွားရကြ၏။ နူနာစွဲသောသူတို့သည် သန့်ရှင်းခြင်းသို့ရောက်ရကြ၏။

နားပင်းသောသူတို့သည် နားကြားရကြ၏။ သေသောသူတို့သည် ပြန်ရှင်သို့ရောက်ရြက်၏။ ဆင်းရဲသားတို့သည်လည်း ဝမ်းမြောက်စရာသတင်းကို ကြားရကြ၏။

၆။ ငါ့ကြောင့် စိတ်မပျက်သောသူသည် မင်္ဂလာရှိ၏ဟုပြန်ပြောတော်မူ၏။ ရှင်မသဲ ၁၁း ၄-၆

၂၁။ ထိုအချိန်နာရီ၌ ယေရှုသည် လူများတို့ကို အနာရောဂါဝေဒနာဘေး၊ နတ်ဆိုးဘေးနှင့် ကင်းလွှတ်စေတော်မူ၏။

မျက်စိကန်းသောသူအများတို့ကိုလည်းမျက်စိမြင်စေခြင်းဌါ ကျေးဇူးပြုတော်မူ၏။

၂၂။ ထိုအခါယေရှုက၊ သင်တို့သည် ကြားရသမျှ၊ မြင်ရသမျှတို့ကို သွား၍ ယောဟန်အားကြားလျှောက်ကြလော့။

မျက်စိကန်းသောသူတို့သည် မျက်စိမြင်ရကြ၏။ ခြေမစွမ်းသောသူတို့သည် လှမ်းသွားရကြ၏။

နူနာစွဲသောသူတို့သည် သန့်ရှင်းသို့ရောက်ရကြ၏။ နားပင်းသောသူတို့သည် နားကြားရကြ၏။ သေသောသူတို့သည် ပြန်ရှင်ခြင်းသို့ရောက်ရကြ၏။

၂၃။ ဆင်းရဲသားတို့သည်လည်း ဝမ်းမြောက်စရာသတင်းကိုကြားရကြ၏။ ငါ့ကြောင့်စိတ်မပျက်သောသူသည် မင်္ဂလာရှိ၏ဟု ပြန်ပြောတော်မူ၏။ ရှင်လုကာ ရး ၂၁-၂၃

၁။ တပည့်တော်တို့သည် သခင်ယေရှုပြုခဲ့သမျှသောအရာတို့ကို မြင်ခဲ့ရကြ၏။

၂။ သခင်ယေရှု၏ နိမိတ်လက္ခဏာများ

က။ အလိုအလျောက် အနာရောဂါငြိမ်းစေခြင်း

၁။ အနာရောဂါအမျိုးမျိုးတို့ကို ကုသတော်မူ၏။

၂။ နတ်ဆိုးတို့ကိုလည်း နှင်ထုတ်တော်မူ၏။

၃။ မျက်စိကန်းသောသူတို့ကို မြင်စေခြင်းဌါ ကျေးဇူးပြုတော်မူ၏။

ခ။ သခင်ယေရှုပြုခဲ့သောအမှု၏ အကျဉ်းချုပ်

၁။ မျက်စိကန်းသောသူသည် မြင်ရ၏။

၂။ ခြေမစွမ်းသောသူတို့သည် လှမ်းသွားရကြ၏။

၃။ နူနာစွဲသောသူတို့သည် သန့်ရှင်းခြင်းရောက်ရကြ၏။

၄။ နားပင်းသောသူတို့သည် နားကြးရကြ၏။

၅။ သေသောသူတို့သည် ပြန်ရှင်ခြင်းသို့ရောက်ရကြ၏။

၆။ ဆင်းရဲသားတို့သည်လည်း ဝမ်းမြောက်စရာသတင်းကြားရကြ၏။

၃။ တိုက်တွန်းနှိုးဆော်ချက်

က။ စိတ်မပျက်နဲ့။

ခ။ ယုံကြည်ခြင်းကို ဆုတ်ကိုင်ခြင်းအားဖြင့် မင်္ဂလာရှိသောသူဖြစ်ပါစေ။

 

ဗတ္တိဇံဆရာယောဟန်၏ ချီးကျူးထောက်ခံချက်

၇။ ထိုသူတို့သည် သွားကြသည်နောက် ယေရှုသည် ယောဟန်ကို အကြောင်းပြု၍ ပရိသတ်တို့အား၊

သင်တို့သည် အဘယ်မည်သောအရာကိုကြည့်ရှုခြင်းဌါ တောသို့ထွက်ကြသနည်း။ လေလှုပ်သောကျူပင်ကို ကြည့်ခြင်းဌါ သွားသလော။

၈။ သို့မဟုတ် နူးညံ့သောအဝတ်ကို ဝတ်ဆင်သောသူကို ကြည့်ရှုခြင်းဌါသွားသလော။ နူးညံ့သောအဝတ်ကို ဝတ်ဆင်သောသူတို့သည် မင်းအိမ်၌နေတတ်၏။

၉။ ပရောဖက်ကို ကြည့်ရှုခြင်းဌါသွားသလော။ မှန်ပေ၏။ ပရောဖက်ထက်ကြီးမြတ်သောသူလည်းဖြစ်သည်ဟု ငါဆို၏။

၁ဝ။ ကျမ်းစာ၌လာသည်ကား၊ ကြည့်ရှုလော့။ သင်သွားရာလမ်းကိုပြင်ရသောငါ၏တမန်ကို သင့်ရှေ့၌ ငါစေလွှတ်၏ဟုဆိုရာ၌ ထိုသူကိုဆိုလိုသတည်း။

၁၁။ ငါအမှန်ဆိုသည်ကား၊ မိန်းမမွေးသော သူတို့တွင် ဗတ္တိဇံဆရာယောဟန်ထက်ကြီူမြတ်သောသူ တစ်ယောက်မျှ မပေါ်ထွန်းသေး။

သို့သော်လည်း ကောင်းကင်နိုင်ငံတော်တွင် အငယ်ဆုံးသောသူသည် ထိုသူထက် သာ၍ကြီးမြတ်၏။

၁၂။ ဗတ္တိဇံဆရာယောဟန်လက်ထက်မှစ၍ ယခုတိုင်အောင် ကောင်းကင်နိုင်ငံတော်ကို အနိုင်အထက်ပြုကြ၏။

အနိုင်အထက်ပြုသောသူတို့သည်လည်း လုယူဝင်စားရကြ၏။

၁၃။ ယောဟန်မရောက်မှီတိုင်အောင် ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းရှိသမျှတို့သည် ဆုံးမသြဝါဒပေးကြ၏။

၁၄။ သင်တို့သည် ငါ့စကားကို နားခံနိုင်လျှင်၊ ဤသူကားလာတ္တံသော ဧလိယဖြစ်သတည်း။

၁၅။ ကြားစရာနားရှိသောသူမည်သည်ကား ကြားပါစေ။ ရှင်မသဲ ၁၁း၇-၁၅

၁။ ယောဟန် မဖြစ်သောအရာ-

က။ လေလှုပ်သောတော၌ ကျူပင်

ခ။ နူးညံ့သောအဝတ်ကို ဝတ်ဆင်၍ မင်းအိမ်၌နေသောသူ

၂။ ယောဟန် ဖြစ်သောအရာ-

က။ ပရောဖက်တစ်ပါး

ခ။ ကြီးမြတ်သော ပရောဖက်

ဂ။ ပရောဖက် ဧလိယနှင့် ခိုင်းနှိုင်းထိုက်သောသူ

 

စိတ်ခေါ်ချက်

၁။ စစ်မှန်သောယုံကြည်ခြင်းရှိရမည်။

၂။ ယုံကြည်ခြင်းကို ဆုတ်ကိုင်ရမည်။

က။ ဆင်းရဲဒုက္ခကြားထဲလျှင်ပင်

ခ။ သံသယများကို ဆန့်ကျင်ဘက်ပြုလျက်

၃။ ခလုတ်တိုက် လွဲချော်ခြင်းကို ငြင်းဆန်ရမည်။

က။ မှောင်မိုက်သော အတွေးအခေါ်အားဖြင့်

ခ။ သံသယအားဖြင့်

၄။ ပြုစုပျိုးထောင်ရမည်။

က။ စစ်မှန်သော ယုံကြည်ခြင်း

ခ။ ထူးကဲအောင်မြင်သော ယုံကြည်ခြင်း

Close menu