Bethany Independent Presbyterian Church

Myanmar

ငါထောက်မသော ငါ့ကျွန်ရင်းကို ကြည့်ရှုလော့။ ယေရှာယ ၄၂း၁

ငါထောက်မသော ငါ့ကျွန်ရင်းကို ကြည့်ရှုလော့။ ယေရှာယ ၄၂း၁

နိဒါန်း

၈ ငါ့ကျွန်ဣသရေလ၊ ငါရွေးချယ်သောသူ ယာကုပ်၊ ငါ့အဆွေအာဗြဟံ၏သား၊

၉ မြေကြီးစွန်းနားမှ ငါလက်ဆွဲ၍ ခေါ်သောသူ၊ သင်သည် ငါ့ကျွန်ဖြစ်၏ဟူ၍၎င်း၊ သင့်ကို ငါရွေးချယ်ပြီ၊ သင့်ကိုမပစ်ပယ် ဟူ၍ ၎င်း၊ ကတိကို ခံရသောသူ၊

၁၀ မစိုးရိမ်နှင့်။ ငါသည် သင့်ဖက်မှာ ရှိ၏။ မကြောက်နှင့်။ သင်၏ဘုရားသခင် ငါသည် သင့်ကို ခိုင်ခံ့စေမည်။

သင့်ကို စောင့်မမည်။ ငါ့သစ္စာလကျ်ာလက်ဖြင့် ထောက်ပင့်မည်။ ယေရှာယ ၄၁း၈-၁၀

၁။ ဣသရေလသည် ဘုရားသခင်၏ ရွေးချယ်သော ကျွန်ဖြစ်သည်။

၂။ ဘုရားသခင်၏ ကျွန်အဖြစ် အောင်မြင်ရန် လူမျိုးတော်ကို ကတိပေးထားသည်။

၃။ ဝမ်းနည်းစရာကောင်းသောအရာမှာ ဣသရေလတို့သည် ရုပ်တုကို ကိုးကွယ်လာကြသည်။

၄။ နိုင်ငံတော်သည် ဘုရားသခင်၏ ဆုံးမတော်မူခြင်းကို ခံရမည်။

၅။ ဘုရားသခင်စေလွှတ်တော်မူမည့် မေရှိယ၏ ပုံသက်သေအားဖြင့် ဣသရေလူမျိုး၏ ကျွန်ဖြစ်ရခြင်းအဓိပ္ပါယ်ကို ဘုရားသခင်ပြသရပေမည်။

 

မေရှိယ ရောက်ရှိလာခြင်း

30 ကောင်းကင်တမန်ကလည်း၊ မာရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်သည် ဘုရားသခင်ရှေ့တော်၌ မျက်နှာရပြီ။

31 သင်သည် ပဋ္ဋိသန္ဓေစွဲယူ၍ သားယောကျာ်းကို ဖွားမြင်လိမ့်မည်။ ထိုသားကို ယေရှုအမည်ဖြင့် မှည့်ရမည်။

32 ထိုသားသည်ကား၊ ကြီးမြတ်သောသူဖြစ်လိမ့်မည်။ အမြင့်ဆုံးသော ဘုရား၏သားဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။

သူ့အဘ ဒါဝိဒ်၏ ရာဇပလ္လင်ကို ထာဝရအရှင်ဘုရားသည် သူ့အားပေးတော်မူမည်။

33 ထိုသူသည်လည်း ယာကုပ်မျိုးနွှယ်ကို အစဉ်မပြတ် အုပ်စိုးလိမ့်မည်။ သူ၏နိုင်ငံသည်လည်း ဆုံးခြင်းမရှိရဟု ပြောဆို၏။ လုကာ ၁း၃၀-၃၃

၁။ ကောင်းကင်တမန် ဂါဗြေလ၏ စကား

က) ဘုရားသခင်ထံတော်က သတင်းစကားယူဆောင်သည်။

ခ) အံ့ဖွယ်ကောင်းသော သမ္မာစကားနှင့် ဘုန်းအသရေတော်ကို ကြေညာခဲ့သည်။

၂။ မေရီဖွားမြင်သော ကလေးသည် သာမန်ဖြစ်မည်မဟုတ်။

က) ကြီးမြတ်သောသူဖြစ်မည်။

ခ) အမြင့်ဆုံးသော ဘုရား၏သားတော်ဖြစ်သည်။

ဂ) ဒါဝိဒ်၏ ရာဇပလ္လင်ပေါ်မှာ အမွေခံရမည်။

ဃ) နိုင်ငံတော်ကို ထာဝရ စိုးအုပ်လိမ့်မည်။

 

ဘုရားသခင်၏ ကျွန်၊ မေရှိယအကြောင်း ပရောဖက်ပြုချက်

ငါထောက်မသော ငါ့ကျွန်ရင်း၊ ငါနှစ်သက်မြတ်နိုးရာ၊ ငါရွေးချယ်သောသူကို ကြည့်ရှုလော့။

ထိုသူ၏ အပေါ်၌ ငါ့ဝိညာဉ်ကို ငါတည်စေမည်။ သူသည် လူအမျိုးမျိုးတို့ကို တရားပေးလိမ့်မည်။ ယေရှာယ ၄၂း၁

၂ အော်ဟစ်ခြင်း၊ ကြွေးကြော်ခြင်းကို မပြုမူ၍ လမ်းခရီး၌ သူ၏အသံကို အဘယ်သူမျှ မကြားစေရ။

၁။ အံ့သြစရာကောင်းသော အမှန်တရားတစ်ခုဖြစ်သည်။

က) ထိုမေရှိယသည် အစေခံကျွန်ဖြစ်သည်။

ခ) နှိမ့်ချလျက် အစေခံရန် လောကသို့ ကြွလာခဲ့သည်။

၂။ မေရှိယ၏ စိတ်သဘော

၅ ယေရှုခရစ်၌ ရှိသော ထိုစိတ်သဘောကို သင်တို့၌လည်း ရှိစေကြလော့။

၆ ထိုသခင်သည် ဘုရားသခင်၏ သဏ္ဍာန်တော်နှင့် ပြည့်စုံတော်မူသည်ဖြစ်၍ ဘုရားသခင်နှင့်

ပြိုင်သောအမှုကို လုယူခြင်းအမှုဟူ၍ မထင်မှတ်လျက်ပင်

၇ မိမိအသရေကို စွန့်၍ အစေခံကျွန်၏ သဏ္ဍာန်ကို ယူဆောင်လျက်၊ လူကဲ့သို့သောအဖြစ်၌ ဖွားမြင်ခြင်းကို ခံတော်မူ၏။

၈ ထိုသို့ လူ၏ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက်၊ အသေခံခြင်းသာမဟုတ်၊ လက်ဝါးကပ်တိုင်မှာ

အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ်နှိမ့်ချတော်မူ၏။

က) သူ့ကိုယ်သူ နာမည်ကြီးအောင် မလုပ်။

ခ) အစေခံကျွန်တစ်ယောက်ကဲ့သို့ အသက်ရှင်သည်။

ဂ) သူ့ကိုယ်သူ နှိမ့်ချသည်။

ဃ) သေဆုံးသည်အထိ နာခံခဲ့သည်။

 

မေရှိယအပေါ် ဘုရားသခင်၏ ကတိသစ္စာပြုခြင်း

၁။ ဘုရားသခင် သူ့ကို ထောက်မမည်။

၂။ သူသည် ဘုရားသခင်၏ ရွေးချယ်သောသူဖြစ်သည်။

၃။ ဘုရားသခင်သည် သူ့ကို အားရနှစ်သက်မြတ်နိုးတော်မူမည်။

က) သူ ဖြစ်နေသောကြောင်း

ခ) ကယ်တင်ရှင်ဖြစ်ဖို့ သူလုပ်မည့်အမှုကြောင်း

ဂ) နှိမ့်ချသောကြောင်း

ဃ) နာခံသောကြောင်း

င) ဘုရားသခင်သည် သူ့ကျွန်ကို ထောက်မတော်မူသည်။

 

နိဂုံး

၁။ ကျွန်တော်တို့၏ ခရစ္စမတ်ဒေသနာများသည် ဘုရားသခင်၏

ကျွန်အဖြစ် သခင်ယေရှု၏ ပုံသက်သေကို အဓိကသင်ယူကြမည်ဖြစ်သည်။

က) ရှေ့ဣသရေလတို့ကဲ့သို့ ကျရှုံးရန် မလိုအပ်ပါ။

ခ) ကျွန်တော်တို့သည် ဘုရားသခင်၏ သာ၍ကောင်းသော အစေခံကျွန်ဖြစ်ရန် သင်ယူနိုင်ကြသည်။

၂။ ကျွန်တော်တို့အတွက် စိန်ခေါ်မှု

က) သခင်ယေရှု၏ ပုံသက်သေအားဖြင့် ခွန်အားတည်ဆောက်ကြရန်။

ခ) ကျွန်တော်တို့သည် သခင်ဘုရားကို အစေခံခြင်း၌ အခုထက်ပိုကောင်းအောင် လုပ်နိုင်သေးကြောင်းကို စဉ်းစားဆင်ခြင်ရန်။