Bethany Independent Presbyterian Church

Myanmar

“ကန်းသော မျက်စိတို့ကို ဖွင့်စိမ့်သောငှါ” ဟေရှယ ၄၂း ၇

“ကန်းသော မျက်စိတို့ကို ဖွင့်စိမ့်သောငှါ” ဟေရှယ ၄၂း ၇

နိဒါန်း

၁။ ဘုရားတန်ခိုးသည် မေရှယထံ ပေးလိမ့်မည်။

၂။ ထိုတန်ခိုးသည် မေရှယ၏ အမှူတော်လုပ်ငန်းကို ကူညီထောက်ပံ့လိမ့်မည်။

၃။ ထိုတန်ခိုးသည် လူအများ၏ နှလုံးသားအား ကောင်းချီးပေးစေရန် အသုံးပြုဖို့ဖြစ်သည်။

 

ထာဝရဘုရား၏ တန်ခိုးတော်

7 လက်ဆွဲလျက် ထောက်မမည်။ သင်သည် ကန်း သော မျက်စိတို့ကို ဖွင့်စိမ့်သောငှါ၎င်း၊

ချုပ်ထားသော သူတို့ကို လွှတ်စိမ့်သောငှါ၎င်း၊ မှောင်မိုက်၌နေသော သူတို့ကို အမိုက်ထောင်ထဲက နှုတ်ယူစိမ့်သောငှါ၎င်း၊

သင့်ကို လူများနှင့် ပဋိညာဉ်ဖွဲ့စရာဘို့၊ လူအမျိုးမျိုး လင်းစရာဘို့ ခန့်ထားမည်။ ဟေရှယ ၄၂း ၇

၁။ တန်ခိုးတော်အား တည့်တည့်ဖေါ်ပြခြင်း

23 ယေရှုသည် တရားစရပ်တို့၌ ဆုံးမဩဝါဒပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်၊

လူတို့တွင်အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေလျက်၊ ဂါလိလဲပြည် တပြည်လုံးကို ဒေသစာရီ လှည့်လည်တော်မူ၏။

24 သိတင်းတော်သည်လည်း ရှုရိပြည်၌ အနှံ့အပြားကျော်စောသည်ဖြစ်၍ နတ်ဝင်သောသူ ဝက်ရူးစွဲသောသူ၊

လက်ခြေသေသောသူမှစသော အထူးထူးအပြားပြားသော အနာရောဂါစွဲ၍ မကျန်းမမာသောသူ ရှိသမျှတို့ကို

အထံတော်သို့ဆောင်ခဲ့ကြ၍၊ သူတို့၏ အနာရောဂါကို ငြိမ်းစေတော်မူ၏။

25 ဂါလိလဲပြည်၊ ဒေကပေါလိပြည်၊ ယေရှုရှလင်မြို့မှစသော ယုဒပြည်၊ ယော်ဒန်မြစ်တဘက်မှ

လာသော လူများအပေါင်းတို့သည် နောက်တော်သို့လိုက်ကြ၏။ မာသဲ ၄း ၂၃-၂၅

က။ ကျန်းမာစေသော တန်ခိုး

ခ။ လူများ ကျန်မာစေခြင်း

၁။ ဖျားနာခြင်း အမျိုးမျိုး

၂။ အနာရောဂါ အမျိုးမျိုး

၃။ နတ်ဆိုးစွဲသောသူများ

၄။ သွေးဆင်းသောသူများ

၅။ နူနာရောဂါသယ်များ

၂။ အကျိုးရလဒ်များ

က။ သခင်ယေရှုကို လူများသိလာသည်

ခ။ လူအများတို့သည် နောက်တော်သို့ လိုက်သည်

 

မျက်စိကမ်းသောသူများ မြင်စေခြင်း

29 ယေရိခေါမြို့မှ ထွက်သွားကြစဉ်တွင် လူများအပေါင်းတို့သည် နောက်တော်သို့လိုက်ကြ၏။

30 ယေရှုသည် ကြွသွားတော်မူကြောင်းကို လမ်းနားမှာထိုင်နေသော လူကန်းနှစ်ယောက်တို့သည် ကြားရလျှင်။

ဒါဝိဒ်၏သားတော်အရှင်၊ အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်လေ၏။

31 ထိုသူတို့ကို တိတ်ဆိတ်စွာနေစေခြင်းငှါ လူအစုအဝေးတို့သည်ငေါက်၍ ဆိုကြသော်လည်း၊

ဒါဝိဒ်၏ သားတော်အရှင်၊ အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါဟု သာ၍ဟစ်ကြော်ကြ၏။

32 ယေရှုသည်လည်း ရပ်တော်မူလျက် ထိုသူတို့ကိုခေါ်၍ သင်တို့၌အဘယ်သို့ ပြုစေလိုသနည်းဟု မေး တော်မူလျှင်၊

33 သခင်၊ အကျွန်ုပ်တို့ မျက်စိကို ပွင့်လင်းစေခြင်းငှါ ပြုတော်မူပါဟု လျှောက်ကြသော်၊

34 ယေရှုသည် သနားခြင်းစိတ်တော်ရှိ၍ သူတို့မျက်စိကို လက်နှင့်တို့တော်မူ၏။

ထိုခဏခြင်းတွင် ထိုသူ တို့သည် မျက်စိမြင်၍ နောက်တော်သို့လိုက်ကြ၏။ မာသဲ ၂၀း ၂၉-၃၄

၁။ ယေရိခေါမြို့မှ လူကန်းနှစ်ယောက်တို့သည် မြင်စေခြင်း

၂။ သခင်သည် ချက်ချင်း ကျန်းမာစေသည်

၃။ ဤအမှူသည် ဟေရှယ ၄၂း ၇၏ ပြည့်စိုခြင်းဖြစ်သည်။

 

ဝိညာဉ်မျက်စိကမ်းသောသူတို့အား မြင်စေခြင်း

22 ဗက်ဇဲဒမြို့သို့ ရောက်တော်မူလျှင်၊ လူကန်းတယောက်ကို အထံတော်သို့ဆောင်ခဲ့၍၊ ထိုသူကို တို့တော်မူမည်အကြောင်း တောင်းပန်ကြ၏။

23 ကိုယ်တော်သည် လူကန်းကိုလက်ဆွဲ၍ မြို့ပြင်သို့ ထွက်ပြီးမှ၊ သူ၏မျက်စိကို တံထွေးနှင့်ထွေး၍

သူ့အပေါ်မှာ လက်တော်ကိုတင်လျက်၊ သင်သည် တစုံတခုကို မြင်သလောဟု မေးတော်မူ၏။

24 ထိုသူသည် ကြည့်မျှော်လျှင်၊ လူတို့သည် သစ်ပင်ကဲ့သို့ဖြစ်၍ လှမ်းသွားသည်ကို အကျွန်ုပ် မြင်ပါသည် ဟု လျှောက်၏။

25 နောက်တဖန်သူ၏မျက်စိပေါ်မှာ လက်တော်ကိုတင်၍ ကြည့်မျှော်စေတော်မူလျှင်၊ သူသည် ပကတိ အဖြစ်သို့ ရောက်၍ အလုံးစုံတို့ကို ရှင်းလင်းစွာမြင်လေ၏။

26 ကိုယ်တော်ကလည်း၊ မြို့ထဲသို့မဝင်နှင့်။ မြို့၌ အဘယ်သူကိုမျှမပြောနှင့်ဟု မိန့်တော်မူ၍ သူ့ကို မိမိ နေရာသို့ လွှတ်လိုက်လေ၏။

27 ယေရှုသည် ဖိလိပ္ပုကဲသရိမြို့၏ ကျေးလက်သို့ တပည့်တော်တို့နှင့်တကွ ကြွတော်မူစဉ်၊

လမ်းခရီး၌ လူများတို့သည် ငါ့ကို အဘယ်သူဖြစ်သည်ဆိုကြသနည်းဟု တပည့်တော်တို့ကို မေးမြန်းတော်မူလျှင်၊

28 လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံဆရာယောဟန်ဖြစ်သည်ဟူ၍၎င်း၊ အချို့က ဧလိယဖြစ်သည် ဟူ ၍၎င်း၊

အချို့က ပရောဖက်တပါးပါးဖြစ်သည်ဟူ၍၎င်း ဆိုကြပါ၏ဟု လျှောက်ကြသော်၊

29 သင်တို့လည်း ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊ ပေတရုက၊

ကိုယ်တော်သည် ခရစ်တော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏။ ရင်မာကု ၈း ၂၂-၂၉

၁။ မျက်မမင်သောသူအား မြင်စေခြင်း

က။ ပထမအကြိမ် ထိတွေ့ခြင်း

လူတို့သည် သစ်ပင်ကဲ့သို့ဖြစ်၍ လှမ်းသွားသည်ကို အကျွန်ုပ် မြင်ပါသည်

ခ။ ဒုတိယအကြိမ် ထိတွေ့ခြင်း

အလုံးစုံတို့ကို ရှင်းလင်းစွာမြင်လေ၏။

၂။ လူတို့သည် သခင်ယေရှုအား မည်ကဲ့သို့တွေးပါသနည်း။

က။ ဗတ္တိဇံဆရာယောဟန်

ခ။ ဧလိယ

ဂ။ ပရောဖက်တပါးပါး

၃။ တပည့်တော်များက မည်ကဲ့သို မြင်သနည်း။

ပေတရူက ပြောသည် ။ ။ “သင်သည် ခရစ်တော်ဖြစ်သည်” လျှောက်လေ၏။

 

ပို၍ လေးနက်သော သခင်ယေရှူ၏ အမှူတော်

၁။ ဝိညာဉ်သဘော၌ ကန်းသောသူတို့ကို မြင်စေခြင်း

၂။ ကန်းသောသူ မြောက်များစွာရှိသေး၏

က။ ကန်းသောကြောင့် မမြင်နိုင်ကြ

ခ။ တစ်ဝတ်တပျက်သာ မြင်နိုင်ခြင်း

ဂ။ ထိန်းချူပ်ခံသောသူများလည်းရှိ၏

၁။ သူတို့၏ အတွေးအားဖြင့်

၂။ သူတို့၏ အတွေးအခေါ်အားဖြင့်

၃။ သူတို့၏ အကျင့်အားဖြင့်

 

နိဂုံး

၁။ ကျွန်တော်တို့သည် သခင်၏ ဒုတိယထိတွေ့ခြင်းကို လိုအပ်သည်။

၂။ ဝိညာဉ်သဘော၌ ကျန်းမာလာဖို့ရန် သခင့်၏ ကျေဇူးတော်ကို နှိမ့်ချစွာ ရှာဖွေကြရန်။