Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ မေလ (၁) ရက်

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ မေလ (၁) ရက်

 

ချစ်သောညီအစ်ကိုတို့၊

ကောလောသဲသြဝါဒစာနှင့် မိတ်ဆက်ခြင်း

၁။ ကောလောသဲသြဝါဒစာသည် ဧဖက်သြဝါဒစာနှင့် အမွာစာပေများ ဖြစ်ကြသည်။
၂။ အကြောင်းမှာ-

က။ တူသောအကြောင်းအရာများစွာ ရှိသည်။
ခ။ ချပြထားသော ခံယူချက်များသည်လည်း လွန်စွာမှ တူကြသည်။

၃။ သို့သော်၊ မတူခြားနားသောအချက်များလည်း ရှိသည်။

က။ ကောလောသဲအသင်းတော်သည် ပေါလုတည်ထောင်သောအသင်းတော် မဟုတ်။
ခ။ ဧဖက်သြဝါဒစာ၌ မတွေ့ရသော ပြဿနာများကို ပေါလုသည် ကောလောသဲသြဝါဒစာ၌ ကိုင်တွယ်ဖြေရှင်းရသည်။
ဂ။ ကောလောသဲအသင်းတော်၌ ရှိသောပြဿနာများကို ထိုအသင်းတော်၏သင်းအုပ်ဆရာ ဧပဖြောဒိတ်ထံမှ သိရှိရသည်။
ဃ။ ဧပဖြောဒိတ်က မိမိဦးဆောင်သော အသင်းတော်၏ပြဿနာများကို ဖြေရှင်းပေးရန် ပေါလုအား ချဉ်းကပ်သည်မှာ ငြင်းဖွယ်မရှိဖြစ်သည်။

၄။ အကျွနုပ်တို့ရွေးချယ်သော ချဉ်းကပ်နည်း

က။ ကောလောသဲသြဝါဒစာကို ရိုးရိုးလေး လေ့လားသွားကြမည်။
ခ။ တမန်တော်ပေါလုထံ၌ နည်းခံ၍ မိမိတို့ကိုယ်တိုင်သည် ကျွမ်းကျင်သော သင်းအုပ်ဆရာ တစ်ပါး ဖြစ်လာကြဖို့ သင်ယူကြစို့။
ဂ။ အသင်းတော်ပြဿနာများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းကြရမည်။ သို့မဟုတ်လျှင်၊ ထိုပြဿနာတို့သည် အချိန်ကာလကြာသောအခါ အသင်းတော်ကို ဆိုးဝါးစွာ ထိခိုက်နစ်နာ စေနိုင်သည်။
ဃ။ အသင်းတော်များကို ဦးဆောင်ထိန်းကျောင်းရာ၌ လိမ္မာ၍ ကျွမ်းကျင်တတ်မြောက်သော သင်းအုပ်ဆရာများ ဖြစ်လာသည်တိုင်အောင် ကြီးထွားကြမည်အကြောင်း ကြိုးစားကြစို့။

ဆင်ခြင်နှလုံးသွင်းခြင်း
၁ ဘုရားသခင်၏ အလိုတော်အားဖြင့် ယေရှုခရစ်၏ တမန်တော်ဖြစ်သော ငါပေါလုနှင့် ငါညီတိမော သေသည်၊
၂ ကောလောသဲမြို့၌နေသော သန့်ရှင်းသူတည်းဟူသော၊ ခရစ်တော်ကို ယုံကြည်သောညီအစ်ကိုတို့ကို ကြားလိုက်ပါ၏။ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။
(ကော ၁း၁-၂)

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ပေါလုသည် မိမိကိုယ်ကို ပွင့်လင်းစွာ မိတ်ဆက်လိုက်သည်။

က။ သူသည် သခင်ယေရှုခရစ်တော်၏ တမန်တော် ဖြစ်သည်။
ခ။ သူ၏တမန်တော်အရာသည် ခန့်အပ်ခြင်းကြောင့် ဖြစ်သည်။
ဂ။ သူသည် ဘုရားသခင်၏အလိုတော်အားဖြင့် တမန်တော်ဖြစ်လာသည်။

၂။ “တမန်တော်တစ်ဦးဖြစ်လာနိုင်ခြေလမ်းစဉ်” အတိုင်း ပေါလုကို စစ်ဆေးမည်ဆိုပါက၊ ပေါလုသည် တမန်တော်တစ်ပါးဖြစ်လာဖို့ အရည်အချင်း မရှိပေ။

က။ သူသည် သခင်ခရစ်တော်၏ ကနဦးတပည့်တော်တို့၌ စာရင်းမဝင်။
ခ။ ကနဦးတပည့်တော်တို့ကဲ့သို့ အစကတည်းက ခရစ်တော်၏တပည့် မဖြစ်ခဲ့။
ဂ။ သို့သော်၊ ဘုရားသခင်၏ဖွင့်ဟသော အလိုတော်နှင့်အညီ၊ ပေါလုသည် တမန်တော်တစ်ပါး ဖြစ်လာသည်။
ဃ။ သူသည် “တမန်တော်တစ်ပါး” အဖြစ်ရိုးရှင်းစွာ သိမှတ်ခြင်းခံရသည် (တ ၁၄း၁၄)။

၃။ ကောလောသဲယုံကြည်သူများထံသို့ ပေးစာ ရေးသားပေးပို့ခြင်း

က။ ပေါလု ရေးသားဟန်

(၁) သဘောထားကြီး၍ စာနာသည်။
(၂) စိတ်နှလုံးနှိမ့်ချ၍ ချစ်ခင်ရင်းနှင်းတတ်သည်။

ခ။ ကောလောသဲ ယုံကြည်သူများကို

(၁) ညီအစ်ကိုတို့၊
(၂) သန့်ရှင်းသူတို့၊ ဟုသတ်မှတ်ခေါ်တွင်သည်။
(၃) ဤအချက်သည် ပေါလု၏ချစ်ခင်မြတ်နိူးတတ်သောသဘောကို ပေါ်လွင်ထင်ဟပ်စေသည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း
တမန်တော် ပေါလု၏စိတ်ဓါတ်ကို အတုယူကြစို့။

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

Close menu