Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၀ ဇနဝါရီ ၁၃

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၀ ဇနဝါရီ ၁၃

 

ကျမ်းချက်။ ။ ဆာလံ ရး၁-၅

ဆင်ခြင်ခြင်း

ရး၁ အကျွနု်ပ်၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏။
အကျွန်ုပ်ကို ညှင်းဆဲသောသူအပေါင်းတို့၏လက်မှ အကျွန်ုပ်ကို နှုတ်ယူ၍ ကယ်တင်တော်မူပါ။
ရး၂ သို့မဟုတ်နှုတ်ယူသောသူမရှိစဉ်၊ ရန်သူသည် ခြင်သေ့င်္ကဲ့သို့ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို လုယူကိုက်ဖြတ်ပါလိမ့်မည်။
ရး၃ အကျွနု်ပ်၏ ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ထိုသို့ပြုသော်၎င်း၊ အကျွန်ုပ်လက်မှာ အဓမ္မအမှုရှိသော်၎င်း၊
ရး၄ အကျွန်ုပ်နှင့် သင့်တင့်သောသူကို အကျွန်ုပ်ပြစ်မှား၍၊ အကြောင်းမရှိဘဲလျက် ရန်ပြု သောသူကို အကျွနု်ပ်ညှင်းဆဲသော်၎င်း၊ ထိုသို့

သော အပြစ်တစ်စုံတစ်ခုရှိလျှင်၊-
ရး၅ ရန်သူသည် အကျွန်ုပ်၏ စိတ်ဝိညာဉ်ကိုလိုက်၍မှီပါစေ။ အကျွန်ုပ်အသက်ကို မြေပေါ်နင်း၍၊

အကျွနု်ပ်အသရေကို မြေမှုန့်၌ နှိမ့်ချပါစေ။

ဆာလံ ရး၁-၅

 

အနက်ဖွင့်ခြင်းနှင့် လက်တွေ့ဖော်ဆောင်ခြင်း
၁။ ခိုလှုံကိုးစားခြင်း
က။ နားလည်သဘောပေါက်ရန် လိုအပ်သည်။
ခ။ အောက်ဖော်ပြပါ အချက်များ ပါဝင်သည်။
(၁) ဘုရားသခင်အား ယုံကြည်ခြင်း
(၂) ဘုရားသခင့်ထံ ဆုတောင်းခြင်း
(၃) ခက်ခဲသော ကာလ၌ ဘုရားသခင်အား ကိုးစားခြင်း
(၄) ဤအရာများကို လက်တွေ့ဘဝ၌သာ သင်ယူနိုင်သည်။
၂။ ဘဝ၏ ကြမ်းတမ်းသော စိန်ခေါ်ချက်များ
က။ ရန်သူများ
ခ။ ညှဉ်းပန်းနှိပ်စက်မည့်သူများ
ဂ။ လုယူကိုက်ဖြတ်တတ်သော ခြင်္သေများကဲ့သို့ ဖြစ်ကြသည်။
၃။ အရေးကြီးသော ဆုတောင်းချက်

ဘုရားသခင်မှ ကယ်မသနားတော်မူရန် ဆုတောင်းခြင်း

၄။ မ စခြင်းအတွက် ဆုတောင်းသောအခါ အောက်ပါအချက်များကို အောက်မေ့ရမည်။
က။ အကျွနု်ပ်တို့သည် အဓမ္မအမှုနှင့် ကင်းစင်ရမည်။
ခ။ အကျွန်ပ်တို့သည် အကြောင်းမရှိဘဲ သူတပါးအား ရန်ပြုသောသူများ မဖြစ်ရ။

၅။ ကျွန်တော်တို့သည် အဓမ္မအမှုများ ကျူးလွန်ခဲ့ပါက
က။ ဆုတောင်းချက်များ အဖြေရမည် မဟုတ်။
ခ။ ဘုရားသခင်ကလည်း ကယ်မတော်မည် မဟုတ်။
ဂ။ အပြစ်အဖိုးအခအတိုင်း ဘုရားသခင်သည် အကျွနု်ပ်တို့ကို တရားစီရင်မည်
ဖြစ်သည်။
ဃ။ မြေပေါ်မှာ ဖြေဖဝါးဖြင့် နင်းခြင်းကို ခံထိုက်သောသူများ ဖြစ်ကြသည်မှာ အမှန်ပင်
ဖြစ်သည်။

၆။ ဘုရားသခင်ရှေ့တော်၌ ကောင်းသော၊ မှန်သော အရာများကိုသာ ပြုကြစို့။
က။ ကိုယ်ကျင့်တရား၌ ဖြောင့်မတ်ခြင်း
ခ။ ဘုရားသခင်အား အမှန် ယုံကြည်ကိုးစားခြင်း
ဂ။ သစ ္စာရှိစွာ ဆုတောင်းလျက် ဘုရားသခင်ကို ရှာဖွေခြင်း

 

ဆုတောင်းလျက်
ပါစတာချားလ်(စ်)တန်

To Contact : [email protected]
Close menu