Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၂၊ ဇနာဝါရီလ (၁၀) ရက်

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၂၊ ဇနာဝါရီလ (၁၀) ရက်

 

ကျမ်းချက်။ ။ဆာလံ ၃၀

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း

၄ ထာဝရဘုရား၏ သန့်ရှင်းသူတို့၊ ထာဝရဘုရား ကို ထောမနာသီချင်းဆိုကြလော့။ သန့်ရှင်းသောနာမ တော်ကို ချီးမွမ်းကြလော့။
၅ အမျက်တော်သည် ခဏထွက်၏။ ကျေးဇူးတော် မူကား၊ တသက်လုံးတည်၏။ ညဦးယံ၌ ငိုကြွေးခြင်းသည် လာ၍တည်းခို၏။ နံနက်ယံ၌ကား၊ သီချင်းဆိုသော အခွင့် ရှိ၏။

(ဆာလံ ၃၀း၄-၅)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ကောင်းမွန်သော အကြံပြုချက်

က။ ထာဝရဘုရားသခင်ကို သတိရအောက်မေ့ခြင်း

(၁) ပြန်၍ သတိရအောက်မေ့ခြင်း၊
(၂) လေးစားရိုသေခြင်း၊

ခ။ ထာဝရဘုရားသခင်၏ နာမတော်

(၁) သန့်ရှင်းသော နာမတော်ဟု မြတ်နိူးရမည်။
(၂) အချိန်ပြည့် ရိုသေလေးစားရမည်။

ဂ။ ကျေးဇူးတော်ကို ချီးမွမ်းခြင်း

(၁) စိတ်နှလုံးသားမှ
(၂) နှုတ်လျှာပါးစပ်မှ

ဃ။ ချီးမွမ်းသီချင်း သီဆိုခြင်း

(၁) တစ်ဦးချင်း သီဆိုခြင်း၊
(၂) အစုလိုက် သီဆိုခြင်း၊

၂။ ဤအကြံပြုချက်ကို အဘယ်သူအား ပေးသနည်း။

က။ သန့်ရှင်းသူတို့အား ပေးသည်။

(၁) သန့်ရှင်းသောသူမှန်သမျှ၊
(၂) ဖြောင့်မတ်သောသူတိုင်း၊

ခ။ အချို့သောအသင်းတော်များက သတ်မှတ်ထားသော သူတော်စင်များကို ဆိုလိုသည် မဟုတ်။
ဂ။ တစ်ဦးတစ်ယောက်က ကြောငြာလိုက်ယုံနှင့် အဘယ်သူမျှ သန့်ရှင်းသောသူ ဖြစ်မလာနိုင်ကြပါ။

၃။ ဘုရားသခင်၏ အမျက်ဒေါသကို နားလည်သဘောပေါက်ခြင်း

က။ ယုတ်မာသောသူတို့အပေါ်၌ ဒေါသထွက်သည်။
ခ။ သို့သော်၊ သူ၏အမျက်သည် ခဏမျှသာ ဖြစ်သည်။

၄။ ဘုရားသခင်၏ကျေးဇူးတော် (မျက်နှာသာပေးခြင်း)ကို နားလည်သဘောပေါက်ခြင်း

က။ မျက်နှာသာ သည် ကျေးဇူးတော် ပင်ဖြစ်သည်။
ခ။ ဘုရားသခင်၏ကျေးဇူးတော်သည် တသက်လုံးအတွက် ဖြစ်သည်။

၅။ ငိုကြွေးခြင်း

က။ အခက်အခဲများကြောင့်၊
ခ။ ဘုရားသခင်၏ဆုံးမပဲ့ပြင်မှုကြောင့်၊
ဂ။ တသက်လုံး (ထာဝရ) မငိုကြွေးရသောအကြောင့် ကျေးဇူးတော်ချီးမွမ်းကြစို့။

၆။ ဝမ်းမြောက်ခြင်း(သီချင်းဆိုသောအခွင့်)

က။ ဘုရားသခင်သည် ဝမ်းမြောက်ရသောအခွင့်ကို ပြန်ပေးမည်။
ခ။ ဘုရားသခင်ထံမှ လာသော ဝမ်းမြောက်ခြင်းကို တန်ဖိုးထားကြစို့။
ဂ။ ထာဝရဘုရားသခင်နှင့် ပို၍ ရင်းနှင်းစွာ ပေါင်းသင်းဆက်ဆံနိုင်မည်အကြောင်း ကြိုးစားကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]
Close menu