Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ ဇွန်လှိုင်လ (၂၆) ရက်

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ ဇွန်လှိုင်လ (၂၆) ရက်

 

ကျမ်းချက်။ ။ ဆာလံ ၂၅

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း
ထာဝရဘုရားသည် ကောင်းသောသဘော၊ ဖြောင့်မတ်သောသဘောနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ အပြစ်ရှိသောသူတို့ကို လမ်းပြတော်မူ၏။

နှိမ့်ချလျက်ရှိသော သူတို့ကို တရားလမ်း၌ သွေးဆောင်တော်မူ၏။ နှိမ့်ချလျက်ရှိသောသူတို့အား ခရီးတော်တို့ကို သွန်သင်တော်မူ၏။

(ဆာလံ ၂၅:၈-၉)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဘုရားသခင်နှင့်စပ်လျဉ်းသော အမှန်တရားအချို့

က။ ဘုရားသခင်သည် ကောင်းသောသဘော ရှိသည်။
ခ။ ဘုရားသခင်သည် ဖြောင့်မတ်သောသဘော ရှိသည်။

၂။ ဤအမှန်တရားများကို

က။ သေချာနားလည်ကြရမည်။
ခ။ လက်ခံယုံကြည်ကြရမည်။
ဂ။ အလွန်တရာမှ မြတ်နိူးကြရမည်။

၃။ အကျွန်ုပ်တို့၏ ဆရာသမားဖြစ်သော ဘုရားသခင်

က။ ဘုရားသခင်သည် ကောင်းသောသဘောရှိသောကြောင့် သွန်သင်တော်မူသည်။
ခ။ ဘုရားသခင်သည် ဖြောင့်မတ်သောသဘောရှိသောကြောင့် သွန်သင်တော်မူသည်။

၄။ ဘုရားသခင်သည် အဘယ်သို့သောသူကို သွန်သင်တော်မူမည်နည်း။

က။ အပြစ်ရှိသောသူ

(၁) အပြစ်များနှင့်စပ်လျဉ်း၍ နောင်တရ ရမည်ဟု သွန်သင်ခြင်းခံရလိမ့်မည်။
(၂) ဘုရားသခင်သည် နောင်တရလျှက်ရှိသော အပြစ်သားကို သွန်သင်လိမ့်မည်။

ခ။ နှိမ့်ချသော ပုဂ္ဂိုလ်

(၁) ဆုံးမသွန်သင်ခြင်းကို ခံယူလိုသည်အထိ အမှန်နိုမ့်ချလိမ့်မည်။
(၂) ဆုံးမပြုပြင်ခြင်း ခံယူနိုင်သည်အထိ အမှန်နှိမ့်ချလိမ့်မည်။
(၃) မိမိ၏အပြစ်ဒုစရိုက်လမ်းစဉ်ကို စွန့်လွတ်လိုသည့်အထိ နှိမ့်ချလိမ့်မည်။

၅။ ဘုရားသခင်သည် မည်သည့်အရာကို သွန်သင်ပေးသနည်း။

က။ ဘုရားသခင်သည် မှန်သော တရားမျှတမှုကို အကျွနု်ပ်တို့အား သွန်သင်လိမ့်မည်။
ခ။ ဘုရားသခင်သည် သူ၏လမ်းစဉ်ကို အကျွနု်ပ်တို့အား သွန်သင်လိမ့်မည်။

(၁) ကောင်းမြတ်မှု၊ ကောင်းမြတ်ခြင်း၊
(၂) ဖြောင့်မတ်ခြင်း၊ ဖြောင့်မတ်မှု၊

၆။ ဘုရားသခင်သည် အဘာ်သို့ သွန်သင်သနည်း။

က။ဘုရားသခင်သည် အကျွန်ုပ်တို့အား လမ်းပြ၍ သွန်သင်သည်။
ခ။ ဘုရားသခင်သည် ကြင်နာစွာ၊ သိမ်မွေ့စွာ လမ်းပြသွန်သင်သည်။

 

အသက်တာနှင့်အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ဘုရားသခင်ကို မိမိတို့၏ဆရာသမားအဖြစ် ပေါင်းသင်းဆက်ဆံခြင်း

က။ အကျွန်ုပ်တို့သည် စစ်မှန်သောနှိမ့်ချခြင်းကို ကျင့်စောင်ကြရမည်။
ခ။ အပြစ်ဒုစရိုက်များကို စွန့်လွတ်၍ ပြောင်းလဲကြရမည်။
ဂ။ ယုံကြည်ခြင်းသင်ခန်းစာများကို ကောင်းမွန်စွာ သင်ယူကြရမည်။

၂။ သင်ခန်းစာများသည် ဘဝအသက်တာ၌ လက်တွေ့ဖော်ဆောင်ကြရမည်။

က။ ကျွန်ုပ်တို့သည် ကောင်းသောသသဘောရှိကြရမည်။
ခ။ ကျွန်ုပ်တို့သည် ဖြောင့်မတ်သောသဘော ရှိကြရမည်။
ဂ။ ဘုရားသခင်ကအကျွန်ုပ်တို့အား သွန်သင်သော သင်ခန်းစာများအတိုင်းအသက်ရှင်ကြရမည်။

 

ဆုတောင်းလျက်
ပါစတာချားလ်(စ်)တန်

To Contact : [email protected]
Close menu