ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၅၄)
လမ်းလွဲသောသူကို မစခြင်း
ညီအစ်ကိုတို့၊ သင်တို့တွင် တစုံတယောက်သောသူသည် သမ္မာတရားလမ်းမှ လွဲသွား၍ သူတပါးသည် ထိုသူကို ပြန်စေလျှင်မူကား၊ အပြစ်ရှိသောသူကို မှားယွင်းသော လမ်းမှပြန်စေသောသူသည်၊ ဝိညာဉ်ကို သေခြင်းမှ ကယ်တင်၍ များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ်သည်ကို ထိုသူသည် သိမှတ်စေ။
(ယာကုပ် ၅း၁၉-၂၀)
ညီအစ်ကိုတို့၊ …
၁။ ယုံကြည်သူတို့ကို ယာကုပ်သည် “ညီအစ်ကိုတို့” ဟု ကြိမ်ဖန်များစွာသတ်မှတ် ခေါ်တွင်သည်။
က။ ယာကုပ်သည် သူ၏ ပရိသတ်များကို အလွန်ချစ်သည်။
ခ။ ယာကုပ်သည် သူ၏ပရိသတ်များကို ညီအစ်ကိုများသဖွယ် ချစ်မြတ်နိုးသည်။
ဂ။ ယာကုပ်သည် သူ၏ယုဒလူမျိုးခရစ်ယာန်များကို ချစ်မြတ်နိုးစွာ “ညီအစ်ကိုတို့” ဟု ခေါ်သည်။
၂။ ယုံကြည်သူများသည် သမ္မာတရားလမ်းမှလွဲသွားခဲ့လျှင် –
က။ အခြားသူတစ်ယောက်က လမ်းလွဲနေသောသူကို လမ်းမှန်သို့ ပြန်လာနိုင် မစရမည်။
ခ။ အခြားသောယုံကြည်သူက သမ္မာတရားလမ်းသို့ ပြန်ပို့ဆောင်ရမည်။
၃။ စစ်မှန်သော ယုံကြည်သူသည် သမ္မာတရားလမ်းမှ အမှန်လွဲနိုင်သလား။
က။ ဂရိ- နညေ (လျှင်) သည် –
– ခဲ့လျှင် (ဝါ) လျှင် ဟု ပြန်ဆိုရမည်။
– တကယ်ဖြစ်နိုင်ခြေ အလွန်နည်းသောအရာ ကိုဖော်ပြရာ၌ အသုံးပြုသည်။
ခ။ စစ်မှန်သော ယုံကြည်သူသည် သမ်္မာတရားလမ်းမှ အမှန်လွဲသွားနိုင်မည့် ဖြစ်နိုင်ခြေ အလွန်နည်းသည်။
အပြစ်ရှိသောသူကို…
၁။ အပြစ်ရှိသောသူသည် –
က။ အမှားကျူးလွန်နေသောသူ၊
ခ။ အပြစ်သား စသည်တို့ကို ဆိုလိုသည်။
၂။ အပြစ်သားကို သူကျူးလွန်နေသော မှားယွင်းသည့်လမ်းမှ ပြန်လှည့်စေရမည်။
၃။ အပြစ်သားကို မှားယွင်းသောလမ်းမှ လမ်းမှန်သို့လမ်းသို့ ဦးလှည့်စေသောသူသည် –
က။ ဝိညာဉ်ကို သေခြင်းမှ ကယ်တင်ခြင်း ဖြစ်သည်။
ခ။ များစွာသော အပြစ်တို့ကို ဖုံးအုပ်ခြင်း ဖြစ်သည်။
၄။ မှားသောလမ်းမှ မှန်သောလမ်းသို့ ပို့ဆောင်ခြင်းသည်သာ –
က။ ဝိညာဉ် ကယ်တင်ခြင်း၊
ခ။ များစွာသောအပြစ်များကို ဖုံးအုပ်ခြင်း ဖြစ်သည်။
၅။ သူငယ်ချင်း၏ အပြစ်များကို ဖုံးအုပ်ပေးခြင်းဖြင့် သူ့အသက်ဝိညာဉ်ကို ကယ်တင်သည် မဟုတ်။ သူငယ်ချင်းကို လမ်းမှန်သို့ ပို့ဆောင်ခြင်းသည်သာ သူ့အသက်ဝိညာဉ် ကယ်တင်ခြင်းဖြစ်သည်။ ဤသည်မှာ ယုံကြည်ခြင်းရတနာ ရတတ်သောသူတို့၏ စစ်မှန်သောအကျင့်လက္ခဏာဖြစ်သည်။