ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၄၃)
အသိ၊ အကျင့်နှင့် အပြစ် တို့၏ဆက်စပ်မှု
ထို့ကြောင့်၊ ကောင်းသောအကျင့်ကိုသိလျက် မကျင့်ဘဲ နေသောသူသည် အပြစ်ရှိ၏။
(ယာကုပ် ၄း၁၇)
ထို့ကြောင့်
၁။ ထောင်လွှားခြင်းသည် မကောင်းမသင့်သော အရာဖြစ်သည်။
၂။ ထောင်လွှားခြင်းအမှု၌ ဝါကြွားခြင်းသည် လုံးဝမကောင်းသောအရာ ဖြစ်သည်။
၃။ ယုံကြည်သူမှန်လျှင် ဘုရားသခင်၏အလိုတော်ကို ဦးထိပ်ထားရမည်။
က။ အလိုတော်ကို အခြေခံ၍ စဉ်းစားရမည်။
ခ။ အလိုတော်ကို အမှီပြု၍ စီမံရမည်။
ဂ။ အလိုတော်ပြည့်စုံစေရန် အသက်ရှင်ရမည်။
၄။ ထာဝရဘုရားသခင်ကို အမှီပြု၍ ကျင့်ကြံပြုမူရမည် ဖြစ်သည်။
ကောင်းသောအကျင့်ကို…
၁။ ကောင်းသောအကျင့်သည် –
က။ ထောင်လွှားခြင်းမပြုဘဲ နေထိုင်ကျင့်ကြံခြင်း ဖြစ်သည်။
ခ။ ထာဝရဘုရားသခင်ကို မှီခိုအားကိုးခြင်း ဖြစ်သည်။
၂။ ထာဝရဘုရားသခင်၏ အလိုတော်ကို ဦးထိပ်ထား၍ အသက်ရှင်ခြင်းသည် ကောင်းမြတ်သည်။
၃။ ဤကောင်းသောအကျင့်ကို သိလျက် မကျင့်ဘဲနေခြင်းသည် အပြစ်ဖြစ်သည်။ ဆိုလိုသည်မှာ ထာဝရဘုရားသခင်၏ အလိုတော်ကို ဗဟိုမပြုဘဲ ကျင့်ကြံနေထိုင်ခြင်းသည် (မိမိ၏စိတ်အလိုအတိုင်း ဝါကြွားနေခြင်းသည်) အပြစ်ဖြစ်သည်။
၄။ အသက်တာ၌ အသိနှင့် အကျင့်တခြားစီ ဖြစ်တည်ခြင်းသည် အပြစ်ဖြစ်သည်။ ဤသည်ကား အသိ၊အကျင့်နှင့် အပြစ်တို့ကို ဆက်စပ်မှုဖြစ်သည်။