Bethany Independent Presbyterian Church

Myanmar

နားလည်ပါစေ (မဿဲ ၂၄း၁၅)

နားလည်ပါစေ (မဿဲ ၂၄း၁၅)


နိဒါန်း

၁။ နောက်ဆုံးသောကာလအကြောင်း ဓမ္မသွန်သင်ချက်

က) ရှုပ်ထွေးမှုရှိသည်။

ခ) ရှုပ်ထွေးပြီး မတူကွဲပြားသောအရာများ ပါဝင်သည်။

၁) သမိုင်းအကြောင်းအရာ

၂) ပရောဖက်ပြုချက်ဆိုင်ရာ

၃) အဓိပ္ပါယ်ဖွင့်ဆိုချက် အခြေခံမူများ

၂။ ဉာဏ်ပညာကို ရှာဖွေခြင်း

က) ၎င်းသည် အခြေခံကျသောအရာဖြစ်သည်။

ခ) သခင်ဘုရားကို ယုံကြည်ခြင်းနှင့်အတူ တည်ဆောက်ရမည်။

 

အရေးကြီးသော ပရောဖက်ပြုချက် သတိပေးခြင်း

ထိုကြောင့် ပရောဖက်ဒံယေလဟောသည်အတိုင်း၊ ဖျက်ဆီးတတ်သော ရွံရှာဖွယ်အရာသည် သန့်ရှင်းသောအရပ်ငှါန၌ စိုက်နေသည်ကို

သင်တို့မြင်ရလျှင် ကျမ်းစာကို ကြည့်သောသူသည် နားလည်ပါစေ။ ထိုသို့မြင်ရလျှင် ယုဒပြည်၌ရှိသောသူတို့သည် တောင်ပေါ်သို့ ပြေးကြစေ။

အိမ်မိုးပေါ်မှာရှိသောသူသည် အိမ်ထဲကဥစ္စာကို ယူခြင်းငှါ မဆင်းစေနှင့်။ လယ်၌ရှိသောသူလည်း မိမိအဝတ်ကို ယူခြင်းငှါ နောက်သို့မပြန်စေနှင့်။

ထိုနေ့ရက်၌ ကိုယ်ဝန်ဆောင်သော မိန်းမနှင့် နို့စို့သူငယ်ရှိသော မိန်းမတို့သည် အလွန်ခက်ကြလိမ့်မည်။

သင်တို့ပြေးရသောအချိန်သည် ဆောင်းကာလ၌မကျ၊ ဥပုသ်နေ့၌လည်း မကျမည်အကြောင်း ဆုတောင်းကြလော့။ မဿဲ ၂၄း၁၅-၂ဝ

၂။ ဗိမာန်တော် ပျက်စီးခြင်းအတွက် သတိပေးခြင်း

က) ဒံယေလကျမ်းမှ သတိပေးစကားများ

ခ) ဖျက်ဆီးတတ်သော ရွံရှာဖွေအရာ ဒံယေလ ၁၂း၁၁

၁) ၎င်းသည် အရှက်ခွဲခြင်းကို ဆိုလိုသည်။

၂) အရှက်ခွဲခြင်းသည် ပုံစံအမျိုးမျိုးရှိနိုင်သည်။

၂။ ဆာလံ အာဆပ်၏ မြည်တမ်းခြင်း

၃ သန့်ရှင်းရာငှာန၌ ရန်သူဖျက်ဆီးသဖြင့် အမြဲသုတ်သင်ပယ်ရှင်းရာအရပ်သို့ ကိုယ်တော်ကြွတော်မူပါ။

၄ လက္ခဏာသက်သေတော်အရာ၌ သူတို့လက္ခဏာသက်သေတို့ကို ထားကြပါပြီ။

၅ သူတို့သည် ထူထပ်သောတောကို ပုဆိန်နှင့် ခုတ်သကဲ့သို့၊

၆ ယခုတွင် ဗိမာန်တော်တန်ဆာများကို ပုဆိန်၊ သံတူနှင့် တပြိုင်နက် ရိုက်ချိုးကြပါ၏။

၇ သန့်ရှင်းရာဌာနတော်ကို မီးရှို့ကြပါ၏။ နာမတော်ကိန်းဝပ်ရာတဲတော်ကို မြေတိုင်အောင် ရှုတ်ချကြပါ၏။

၈ ဤအမျိုးအပေါင်းတို့ကို ရှင်းရှင်းဖျက်ဆီးကြကုန်အံ့ဟု ဆို၍၊ မြေတစ်ပြင်လုံးတွင် ဘုရားသခင်၏ တရားဇရပ်တို့ကို မီးရှို့ကြပါ၏။

၉ အကျွပ်တို့သည် မိမိလက္ခဏာသက်သေများကို မမြင်ရပါ။ ပရောဖက်လည်း တဖန်မပေါ်မရှိပါ။ အကျွန်ပ်တို့တွင် ကာလအပိုင်းအခြားကို သိေသောသူမရှိပါ။

၁ဝ အိုး ဘုရားသခင်၊ ရန်သူသည် ဘယ်မျှကာလပတ်လုံး ကဲ့ရဲ့ပါလိမ့်မည်နည်း။

ရန်ဘက်ပြုသောသူသည် နာမတော်ကို အစဉ်မထီမဲ့မြင်ပြုရပါမည်လော။ ဆာလံ ၇၄း၃-၁ဝ

က) ဗိမာန်တော်အား ရှုတ်ချကြောင်း ဖော်ပြထားသည်။

ခ) ဗိမာန်တော်ကို ညစ်ညူးစေခြင်း (နာမတော်ကိန်းဝပ်ရာနေရာ)

ဂ) နယ်မြေအတွင်းရှိ ဘုရာသခင်၏စည်းဝေးရာအရပ်တို့ကို မီးရှိုးကြသည်။

၃။ လိုအပ်ပြီး လက်တွေ့ကျသော တိုက်တွန်းချက်

က) နေရာမှ ထွက်ပြေးကြရန်။

ခ) သတိရှိသော တပည့်များသည် လွတ်မြောက်ခဲ့ကြသည်။

ဂ) ငြင်းပယ်သောသူတို့သည် ယေရုရှလင်မြို့သို့ ထွက်ပြေးရန် ရွေးချယ်ခဲ့ကြသည်။

ဃ) ဤလူတို့သည် ပျက်စီးပျောက်ကုန်ကြသည်။

 

ရွေးချယ်သောသူတို့အဖို့အလို့ငှါ

၂၁ အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတံ့သော ကြီးစွာသော ဒုက္ခသည် ထိုကာလ၌ ဖြစ်လိမ့်မည်။

၂၂ ထိုကာလတာရှည်လျှင် အဘယ်သူမျှ မလွတ်နိုင်ရာ။ ရွေးချယ်သောသူတို့အဖို့အလို့ငှါ ထိုကာလသည် တိုလိမ့်မည်။ မဿဲ ၂၄း၂၁-၂၃

၁။ ဆင်းရဲဒုက္ခအကြောင်း ကြိုတင်သတိပေးထားသည်။

က) ပထမဆုံး သတိပေးစကား

ညှဉ်းဆဲခြင်း သည် ဆင်းရဲဒုက္ခ၏ အစိတ်အပိုင်းဖြစ်သည် မဿဲ ၂၄း၉

ခ) ဒုတိယသတိပေးစကား

ကြီးစွာသော ဒုက္ခသည် ထိုကာလ၌ဖြစ်လိမ့်မည် မဿဲ ၂၄း၂၁

ဂ) တတိယသတိပေးစကား

ဆင်းရဲဒုက္ခအကြောင်း ထပ်မံ သတိပေးထာားသည် မဿဲ ၂၄း၂၉

၂။ နှစ်သိမ့်စကား

က) ဆင်းရဲဒုက္ခကာလာသည် ထာဝရဖြစ်မည် မဟုတ်။

ခ) ထိုကာလသည် တိုလိမ့်မည်။

ဂ) ရွေးချယ်သောသူတို့အဖု မဿဲ ၂၄း၂၂

 

မယုံကြနှင့်

၂၃ ထိုအခါ သူတစ်ပါးက၊ ဤအရပ်၌ ခရစ်တော်ရှိသည် ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။

၂၄ အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကို ဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကို

လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသော နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။

၂၅ ထိုအကြောင်းအရာတို့ကို ငါပြောနှင့်ပြီ။

၂၆ ထိုကြောင့် သူတို့က ခရစ်တော်သည် တော်၌ရှိသည်ဟု ဆိုသော်လည်း ထွက်မသွားကြနှင့်။ တိုက်ခန်း၌ရှိသည်ဟုဆိုသော်လည်း မယုံကြနှင့်။

၂၇ လျှပ်စစ်သည် အရှေ့မှပြတ်၍ အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော်မူလတံ့။

၂၈ အသေကောင်ရှိရာ၌ လင်းတတို့သည် စုဝေးကြလတံ့။ မဿဲ ၂၄း၂၃-၂၈

၁။ မှားယွင်းသော ကယ်တင်ရှင်များ ပေါ်လာခြင်း

က) ခရစ်တော် အယောင်ဆောင်သောသူများ

ခ) မီစ္ဆာပရောဖက်များ

၂။ တပည့်တော်များအတွက် ခိုင်ခံ့သောစကား

က) လှည့်ဖြားမခံကြနှင့်။

ခ) မယုံကြနှင့်။

၃။ လူသား ကြွလာခြင်း

က) လျှပ်စစ်ကြောင်းနှင့် နှိုင်းယှဉ်ထားသည်။

ခ) ကောင်းကင်ဘုံမှ ကြွလာတော်မူမည်။

 

နိဂုံး

၁။ ပိုင်းခြားသိမြင်တတ်ဖို့ ကြိုးစားရှာဖွေကြပါစို့။

၂။ လှည့်ဖြားမခံဖို့ သတိထားကြပါစို့။