Bethany Independent Presbyterian Church

Myanmar

ငါခန့်ထားသောအမှုကို ဆောင်ရွက်စေခြင်းငှါ

ငါခန့်ထားသောအမှုကို ဆောင်ရွက်စေခြင်းငှါ

နိဒါန်း

၁။ ဘုရားသခင်၏ နိုင်ငံတော်

က) ယေရုရှလင်မြို့အထိ တိုးချဲ့လာသည်။

ခ) ယုဒပြည်တစ်လုံး

ဂ) ရှာမာရိပြည်

ဃ) မြေကြီးစွန့်တိုင်အောင် ရောက်ဖို့ မကြိုးစားသေးပေ။

၂။ တစ်ပါးအမျိုးသားတို့အတွက် သာသနာ တံခါး

က) ပေတရုကနေ စတင်ဖွင့်ခဲ့သည်။

ခ) တစ်ပါးအမျိုးသား တပ်မှူး ကော်နေလိအား ဟောပြောခဲ့သည်

ဂ) သူ၏မိသားစု နှင့် သူငယ်ချင်းများသည် နိုင်ငံတော်တသို့ ဝင်ရောက်ခဲ့ကြသည်။

၁) အခြားတမန်တော်များသည် ပေတရုကို ဆန့်ကျင်ခဲ့ကြသည်။

၂) ပေတရုသည် ကော်နလိထံသို့ သူကြုံတွေ့ခဲ့သော အမှုများကို ရှင်းပြခဲ့သည်။

၃) နောက်ဆုံး၌ အသင်းတော်ခေါင်းဆောင်များ နားလည်ခဲ့ကြသည်။

 

ဂျူးလူမျိုးများကိုသာ ဟောပြောခြင်း

တမန်တော် ၁၁း၁၉-၂၁

၁။ ဘုရားသခင်၏ နုတ်ကပတ်တော်ကို ပြန့်နှံ့သွားသော ညီအစ်ကိုများက ဟောပြောခဲ့ကြသည်။

၂။ သို့သော် ဂျူးလူမျိုးများထံသို့သာ ဟောကြားသည်။

၃။ ဘုရားသခင်သည် တစ်ပါးအမျိုးသားများကို သူ၏နိုင်ငံတော်ထဲသို့ ထည့်သွားထားကြောင်း အားလုံးက နားမလည်ခဲ့ကြပေ။

၄။ ဘုရားသခင်၏ လက်တော်သည် လူမျိုးအနွယ်တို့၌ ရှိတော်မူသည်။

က) ဦးဆောင်ရန်၊

ခ) ခိုင်ခံစေရန်

ဂ) ကောင်းချီးပေးရန်

 

ဆီးရီးယားပြည်၊ အနိအုတ်မြို့ရှိ အသင်းတော်

တမန်တော် ၁၁း၂၂-၂၆

၁။ ဆီးရီးယားပြည်၊ အန္တိအုတ်မြို့တွင် စတင်တည်ထောင်ခဲ့သော အသင်းတော်သည်

ယေရုရှလင်မြို့အမထိ သတင်းများ ရောက်လာခဲ့သည်။

၂။ သွားရောက်စုံစမ်းရန် ဗာနဗကို ယေရုရှလင်အသင်းတော်မှ စေလွှတ်ခဲ့သည်။

က) သူသည် သူတော်ကောင်းတစ်ယောက်ဖြစ်သည်။

ခ) ဝိညာဉ်တော်နှင့် ပြည့်ဝသောသူဖြစ်သည်

ဂ) ယုံကြည်ခြင်းနှင့် ပြည့်စုံသောသူဖြစ်သည်။ တမန်တော် ၁၁း၂၄

၃။ ဘုရားသခင်၏ ကျေးဇူးတော်ကို အလုပ်ဖြင့် သက်သေထင်ရှားတော်မူသည်။

က) လူများစွာသည် သခင်ဘုရားကို ယုံကြည်လာကြသည်။

ခ) အသင်းတော်သည် လျန်မြန်စွာ ကြီးထွားလာခဲ့သည်။

၄။ သူ အကူအညီလိုအပ်နေကြောင်း သဘောပေါက်နားလည်သည်။

က) ရှောလုကို ရှာဖို့ တာရှုမြို့၊ ကိလိကိပြည့်သို့ သွားခဲ့သည်။

ခ) တစ်နှစ်ပတ်လုံး ထိရောက်စွာ အတူတကွ အမှုဆောင်ခဲ့ကြသည်။

၅။ အန္တိအုတ်မြို့၌

က) ယုံကြည်သူများကို ရှေ့ဦးစွာ ခရစ်ယာများ ဟု ခေါ်ကြသည်။

ခ) သူတို့ကို ခရစ်တော်၏ တပည့်များဟု ခေါ်ကြသည်။

 

ပထမဆုံး သာသနာပြုအမှုတော်ဆောင်များ

တမန်တော် ၁၃း-၁-၃

၁။ တစ်ပါးအမျိုးသားများထံ ရောက်ရမည် ဖြစ်သည်။

၂။ သူတို့သည် ဣသရေလပြည်တွင်သာ ရှိကြသည်။

၃။ ဝိညာဉ်တော်၏ ပါဝင်မှု

က) ဗာနဗ နှင့် ရှောလုတို့ကို ခွဲထားရမည်။

ခ) အထူးအလုပ်တစ်ခု လုပ်ဆောင်ရန် ခေါ်တော်မူခြင်း ခံရသည်။

၄။ အသင်တော်ခေါင်းဆောင်များ

က) အစာရှောင်ကြသည်။

ခ) ဆုတောင်းကြသည်။

ဂ) သန့်ရှင်းသောဝိညာဉ်တော်သည် ဗာနဗနှင့် ရှောလုကို အခြားအမှုတော်နယ်တစ်ခုသို့

အမှန်ပင် ခေါ်တော်မူကြောင်းကို သူတို့ယုံကြည်စိတ်ချခဲ့ကြသည်။

၅။ ပထမဆုံး သာသနာ စတင်လာခဲ့သည်။

က) ရှောလု နှင့် ဗာနဗတို့သည် ကြီးကျယ်သော အောင်မြင်မှုများ ရရှိကြလိမ့်မည်။

ခ) အတိုက်အခံ ကြုံကြမည်။

ဂ) သို့သော် ထာဝရဘုရား၏ လက်တော်သည် သူတို့နှင့်အတူ ရှိတော်မူသည်။

 

နိဂုံး

တမန်တော် ၁၃း၄၄-၄၉

၁။ ငါတို့သည် မျက်နာကို လွှဲ၍ တပါးအမျိုးတို့ဆီသို့ လှည့်ကြသည် တမန်တော် ၁၃း၄၆

က) ပေါလု နှင့် ဗာနဗ တို့သည် သူတို့လုပ်ဆောင်ရန် ဘုရားသခင်၏ ဝိညာဉ်တော် ခေါ်ဆောင်သည့်အလုပ်ကို သဘောပေါက်ခဲ့ကြသည်။

ခ) ပေါလုသည် တပါးအမျိုးသားမျးအတွက် ခိုင်ခံ့သောအမှုတော်လုပ်ငန်းကို ဆက်လက်လုပ်ဆောင်ခဲ့သည်။

၂။ တပါးအမျိုးသားတို့၌ အလင်း တမန်တော် ၁၃း၄၇

က) ၎င်းသည် သခင်ဘုရား၏ မဟာစေခိုင်းချက် စတုတ္ထအပိုင်း ဖြစ်သည် တမန် ၁း၈

ခ) ၎င်းသည် မြေကြီးစွန်းတိုင်အောင် ရောက်ရှိဖို့ အစပြုခဲ့ခြင်းဖြစ်သည်။

၃။ သခင်၏တာဝန်ကို ကျေပွန်ကြပါစေ။

က) တပည့်များ မွေးထုတ်ရန် ရှင်မဿဲ ၂၈း၁၈-၂၀

ခ) သစ္စာရှိရှိ သက်သေခံရန် တမန်တော် ၁း၈